U••
[ဟယ့်မျိုးနွယ်၏တန်ပြန်တိုက်ခိုက်မှု]
အမှန်၌လည်း ဟယ့်ချန်းနင်ထင်ခဲ့သည့်အတိုင်း အရာအားလုံးဖြစ်လာခဲ့သည်ပင်။ သူ့လက်ထဲမှအပြောင်းလဲခံထားရသော အစီရင်ခံစာကိုကြည့်ရင်း ချန်းနင်ပြုံးသည်မှာ သူ့မျက်ဝန်းထဲတွင်တော့နွေးထွေးမှုတစ်စုံတစ်ရာမကျန်ရှိတော့ချေ။ ဆိုတော့ အံ့သြစရာကောင်းလောက်အောင်သူတို့က သူ့အပေါ်အစီအစဉ်ချခဲ့ပြန်ပါသည်။ သို့ဆိုလျှင်တော့ သူတို့တွေလည်း ကိုယ့်လုပ်ရပ်အတွက်ကိုယ်ပြန်ခံဖို့ကောင်းကောင်းပြင်ဆင်ထားသင့်၏။
ယင်မိသားစု၏ဧည့်ခန်းက ယင်မိသားစုဝင်များအတွက်တော့ ကျိန်စာသင့်နေရာတစ်ခုဖြစ်လာခဲ့သည်ပင်။ သူတို့ဒီနေရာ၌ပြသနာများကိုဖြေရှင်းဖို့ကြိုးစားသည့်အခါတိုင်း ခေါင်းကိုက်ရသည်နှင့်ပင်အဆုံးသတ်သွားကြ၏။ ယနေ့တွင်လည်း ရွေးချယ်စရာမရှိပဲဒီနေရာသို့ရောက်လာကြရပြန်သည်။
နိုင်ငံခြားရောက်နေသည့်ယင်မိသားစု၏အငယ်ဆုံးလေးမှလွဲ၍ သူတို့၏ အကြီးမားဆုံးရန်သူကအိမ်တံခါးရှေ့ရောက်လာသကဲ့သို့အမူအရာဖြင့် လူတိုင်းကထူပူထိုင်းမှိုင်းနေသောမျက်နှာထားကိုယ်စီဖြင့်စုဝေးနေကြလေသည်။
ဟယ့်ချန်းနင်ကတော့ အေးဆေးတည်ငြိမ်နေဆဲဖြစ်ကာ သူတို့အား ကျေနပ်စွာပင်ရင်ဆိုင်နေလေ၏။
ချုန်းမင်ကချန်းနင်ကိုသူမမျက်လုံးထောင့်မှခိုးကြည့်မိသည်။ ချန်းနင်မည်မျှအေးအေးဆေးဆေးနိုင်နေသည်ကိုမြင်တော့ သူမနှလုံးသားထဲ၌မကောင်းသည့်ခံစားချက်အချို့ရလာသလိုပါပင်။ ချန်းနင်ကတစ်စုံတစ်ခုကိုသိထား၍ သေချာစွာပြင်ဆင်ထားသည်ဟုသူမခံစားမိနေ၏။ ၎င်းကချုန်းမင်ကို ဆိုးဆိုးဝါးဝါးစိတ်မသက်မသာဖြစ်စေသည်။
အကြီးအကဲယင်ကတော့သူမ၏မျက်နှာအိုကြီး၌ မှောင်မဲနေသောအမူအရာကိုချပြလျက်။ ထိုအမူအရာမျိုးကချန်းနင်နှင့်ရင်ဆိုင်သည့်အခါတိုင်းသူမလုပ်တတ်သည့်ပုံစံမျိုးပင်။ လက်ထဲ၌လက်ဖက်ရည်ခွက်ကိုကိုင်ထားရင်းဖြင့် ယုတ်မာကောက်ကျစ်သည့်အရိပ်အယောင်ကသူမမျက်ဝန်းထဲ၌ဖြတ်သန်းသွားသည်။ ခွက်၏ထောင်စွန်းကိုလက်ဖြင့်ပွတ်တိုက်မိရင်း ချန်းနင်တစ်ယောက်ထောင်ချောင်ထဲကျသွားဖို့သူမ မျှော်လင့်လျက်။
KAMU SEDANG MEMBACA
[Completed]ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည်
RomansaTitle - Strongly Pampered Male Wife Author - The Road Under Those Bare Feet Genre - Romance, Slice of life, Yaoi Status in COO - 64 chapters Full credit to original author and english translator. Start date - 10 Jan 2021 End date - 23 Oct 2024