58 - 61

1.1K 110 2
                                    

အပိုင်း ၅၈ : ကလေးမွေးခြင်း

ဟယ့်ချန်းနင် မီးဖွားခန်းထဲဝင်တဲ့အချိန်မှာတော့ ရှန်ယွီရှန်းက သူသေချာပေါက်သူ့ကို အဖော်ပြုပေးရမှဖြစ်မယ်လို့ အမိန့်ပေးလေသည်။ အဲ့တာကြောင့်မို့လို့ ပိုင်မော့လဲ သေသေချာချာစီမံပြီးတဲ့နောက် သူ့ကို မီးဖွားခန်းထဲဝင်ခိုင်းရုံအပြင် တခြားရွေးချယ်စရာ မရှိတော့ပါချေ။

တစ်စုံတစ်ယောက်က ဒီလိုဗီလာထဲမှာ ရှုပ်ထွေးနေတဲ့အချိန်ကို အခွင့်ကောင်းယူမှာ ကြောက်တာကြောင့် ဘော်ဒီဂတ်တွေရဲ့ခေါင်းဆောင်က ကိုယ်တိုင်ကိုယ်ကျ ဘေးပတ်ဝန်းကျင်အားလုံးကို စီမံခဲ့လေသည်။ ရှောင်ဝူနဲ့အားယင်းက ဗီလာတံခါးအပေါက်ဝမှာ စောင့်ကြပ်နေပြီး ကျန်တဲ့အရိပ်တပ်သားတွေက မတူညီတဲ့နေရာကို စောင့်ကြပ်ကာ သူတို့အားလုံးက သတိကြီးစွာနဲ့ဗီလာတစ်ခုလုံးကို သံမဏိအကာအရံကြီးတစ်ခုလိုမျိုး စောင့်ကြပ်နေကြလေသည်။

မဒမ်အိုကြီးရှန်ကလဲ မတိုင်မီကတည်းက အသိပေးခံရပြီးဖြစ်သည်။ သူမလဲ ဟယ့်ချန်းနင် ကလေးမွေးနေတုန်းမှာ အပြင်မှာ စောင့်နေနိုင်ရန်အတွက် ရှန်ယွီရှန်းက မဒမ်အိုကြီးကို ‌ဒီကိုခေါ်လာဖို့ တစ်စုံတစ်ယောက်ကို အထူးလွှတ်လိုက်လေသည်။

အခုဆိုရင် မဒမ်အိုကြီးက လူအုပ်စုကြီးတစ်ခုနဲ့အပြင်မှာစောင့်နေတာဖြစ်သည်။ ကုချန်က မဒမ်အိုကြီးရှန်နဲ့ ဆိုဖာမှာထိုင်ရင်း အဖော်ပြုပေးလျက် သူ့ရဲ့ခေါင်းကို မွေးဖွားခန်းသို့ ခဏခဏလှည့်လှည့်ပြီး ကြည့်နေမိတော့၏။ သူ့ပါးစပ်က ဘာမှမပြောဘူးဆိုပေမဲ့ သူ့နှလုံးသားကတော့ ပူနွေးနေတဲ့ ခေါင်မိုးပေါ်က ကြောင်တစ်ကောင်ရဲ့နှလုံးသားလိုပဲ သူ့လက်နှစ်ဖက်ကို ဆက်တိုက်ဆက်တိုက်ပွတ်‌မိနေတော့သည်။သူ့မှာ ထိုင်လဲမထိုင်နိုင်၊ ထလဲ မနေနိုင်နဲ့ အဲ့တာက အခုကုချန်ဖြစ်နေတဲ့ပုံပါပဲ။

မဒမ်အိုကြီးကလဲ စိတ်လှုပ်ရှားနေတာပါပဲ။ ဒါပေမဲ့ သူမက အခြေအနေတွေကို ထိန်းချုပ်မှုကင်းမဲ့မသွားအောင်လို့ သူမကိုယ်သူမ ဖိနှိပ်ပြီးတော့ သူမကိုရော၊ကုချန်ကိုရော စိတ်လှုပ်ရှားနေတာတွေကို ဖျောက်ဖျက်ပေးနေရသည်။

[Completed]ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည်Nơi câu chuyện tồn tại. Hãy khám phá bây giờ