39.2

6.2K 835 7
                                    

U••

ဗီဒီယိုက အင်တာနက်ပေါ်ဆက်တိုက်ကိုပျံ့နေပြီး သတင်းစာတိုင်းရဲ့ခေါင်းစီးပိုင်းရှေ့စာမျက်နှာတွင်နေရာယူထားချေသည်။ တက်သစ်စအင်တာတိန်းမန့်ဂျနယ်များက ယင်မိသားစုထံမှငွေရှာကြ၏။ ၎င်းအပြင် လင်မိသားစုနှင့် လျန်မိသားစုကို စာသားထိပ်ဆုံးတွင်ထည့်ခြင်းအားဖြင့် လူအများကြားညစာအပြီးဆွေးနွေးစရာပူပူနွေးနွေးကိစ္စရပ်ဖြစ်စေလေ၏။ ၎င်းမှာအဆုံးသတ်ပင်မရှိတော့ပါချေ။

ဗီဒီယိုကို Netizen များကတောက်လျှောက် forward လုပ်၍ မရေမတွက်နိုင်သောပုံပြင်များပါထည့်ပြောလာကြတော့သည်။ ကလိမ်ကျစ်များက အမြဲကလိမ်ကကျစ်အကျခံရမည်ပင်။ သူတို့ဘက်ကဘယ်သူမှမငြင်းပေးပဲ နှုတ်ရေးဖြင့်အဆဲခံရရုံသာတတ်နိုင်ကြ၏။ တစ်ချို့က လင်ကျင်းရှန်ကို အရှက်မရှိပဲ မိန်းမသားများအားမျက်နှာပျက်စေသဖြင့်ဆူပူကြသည်။ အချို့ကတော့ ယင်ဟောက်နှင့် လျန်မိသားစု၏အိမ်ရှေ့စံကို လိင်ပိုင်းဆိုင်ရာအပျော်အပါးမက်မောမှုကြောင့် လူငယ်များအတွက်အဆိပ်အတောက်တစ်ခုဖြစ်သည်ဟု ဆူပူကြိမ်းမောင်းကြသည်။  လူထုကသူတို့ကိုမြင်လျှင် လမ်းဘေးကြွက်များကဲ့သို့ဆက်ဆံ၍ ရိုက်နှက်ဖို့မတွန့်ဆုတ်ပဲ အမှုန့်ချေကြရန် မျှော်လင့်ကြလေသည်။

ယင်ဟောက်၏တင်ပါးမှအန်ကတ်အကြောင်းကတော့မခန့်မှန်းနိုင်သည့်အဆင့်အထိကိုလူအများက ဝိုင်းလှောင်ပြောင်ကြတော့သည်။ အချို့ဆိုရင် ယင်ဟောက်၏တဏှာရူးအမူအရာကသူ့ဘိုးဘေးများမှလာသည်ဟုပင်ဆိုကြ၏။ ၎င်းကြောင့်ယင်ကျိနျန်၏အတိတ်သည်လည်းအဖော်ခံခဲ့ရလေသည်။ ကိုယ်လုပ်တော်ကိုချစ်မြတ်နိုး၍ ဇနီးကိုလည်း သူသေဆုံးသည်အထိဆောင်ရွက်ခဲ့ခြင်း။ ချုန်းမင်ကသူ့ကိုယ်ဝန်ကိုပင်အသုံးပြု၍ အထက်သို့တက်ဖို့ကြံစည်ခဲ့၏။ ဤသို့ဖြင့် ယင်ဟောက်ကလူအများအတွက်ရွံစရာဖြစ်တည်မှုတစ်ခုဖြစ်လာတော့သည်။ ယင်မိသားစု၏အမျိုးသမီးကြီးကလည်း မယားငယ်ကိုမယားကြီးထံမှဖုံးကွယ်ပေး၍ ကိုယ်လုပ်တော်စုတ်ကိုထောက်ပံ့ကာသူ့သားကိုကူညီခဲ့လေ၏။ သူမက အပြင်တွင်သူ့သားမယားငယ်ထားသည့်အကြောင်းကိုကူ၍ဖုံးကွယ်ပေးရုံသာမက သူ့သား၏ပထမဇနီးသေဆုံးမှုတွင်လည်းပါဝင်ခဲ့လေသည်။

[Completed]ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည်حيث تعيش القصص. اكتشف الآن