31

7.5K 1K 10
                                    

U••

[ရှယ်ယာရှင်အစည်းအဝေး]

ရှန်အဖွဲ့အစည်း၏ လေးလပတ်အထွေထွေရှယ်ယာရှင်များအစည်းအဝေးအား ၂၈ထပ်မြောက် အကြီးမားဆုံး အစည်းအဝေးခန်း၌ကျင်းပလေသည်။

ရှန်အဖွဲ့အစည်း၏စတော့ကိုပိုင်ဆိုင်သော ရှယ်ယာရှင်များအားလုံးရောက်လာခဲ့ချေပြီ။

အနက်ရောင် customized suit ကိုဝတ်ထားသည့် ရှန်ယွီရှန်း၏မျက်နှာထားက ထုံးစံအတိုင်းအမူအရာမဲ့နေကာ၎င်းကိုပို၍သီးသန့်ဆန်သွားစေသည်။ သူ၏ဖြောင့်မတ်တည်ကြည်သောကိုယ်နေဟန်ထားက လူတိုင်းကိုဖိနှိပ်နေသည့်ခံစားချက်ပေးကာ အကြည့်လွှဲမိသွားစေ၏။

ကြီးမားသောအစည်းအဝေးခန်းကြီးက လူအများအပြားဖြင့်ပြည့်နှက်လျက်။ ထောင့်မှန်စတုဂံသဏ္ဍာန်အလွန်ကြီးမားသော စားပွဲကြီးကိုအလည်တွင်ထား၍ ရှန်အဖွဲ့အစည်း၏ ရှယ်ယာရှင်များပတ်လည်ထိုင်နေကြသည်။

ရှန်ကွော်ကျန်း၊ ကျန်းနျန်၊ လင်ချန်ချင်း၊ ကျန်းဖန်ကျန်း၊ ဝမ်ရှို့နျန်၊ ရှန်ယွီချန်း၊ ရှန်ယွီဟယ့်နှင့် အခြားရာခိုင်နှုန်းမြင့် ရှယ်ယာရှင်များအားလုံးလည်း ထိုင်နေကြ၏။

အစည်းအဝေးခန်း၏ အလူမီနီယမ်တံခါးကအပြင်မှလူကြောင့်ပွင့်သွားလေသည်။ သာ့ကျိုး၊ ရှောင်ဝူနှင့်သူ့အတွင်းရေးမှုးတို့ နှင့်အတူရှန်ယွီရှန်းက လူတိုင်းကြည့်နေသည့်ကြားမှပင် အခန်းထဲဝင်ရောက်လာခဲ့၏။

ရှန်ယွီရှန်းက အလယ်ခုံတွင်ထိုင်ကာ အစည်းအဝေးမစတင်ခင်၌ သူ့အဖေကိုနှုတ်ဆက်လိုက်သေးသည်။

ပထမအပိုဒ်ကတော့ ထုံးစံအတိုင်း လက်ရှိရာသီအတွက်ရောင်းချမှု၊ နောက်လာမည့်ရာသီအတွက်လုပ်ငန်းအစီအစဉ်များနှင့် ရည်မှန်းချက်များအကြောင်းပင်။ စုစုပေါင်း ၂နာရီကျော်လောက် အချိန်ယူပြီးသည့်နောက် ဌာနတိုင်းကိုသူတို့၏တင်ပြချက်ကိုအကျဉ်းချုံးစေ၍ အဆုံးသတ်လိုက်လေသည်။

ထို့နောက် ပြည်သူ့ဆက်ဆံရေးဌာနမှဒါရိုက်တာက Metropolis Daily နှင့်ပက်သက်သည့် မတော်တဆမှုကိုအစီရင်ခံလာ၏။ သူက သူတို့အလုပ်အတွက်နောက်ထပ်ခြေလှမ်းကိုဆက်ခံသူကမထုတ်ဖော်ခင် အချက်အလက်စုံသည့် အစီရင်ခံစာကို ဆက်ခံသူနှင့် ရှယ်ယာရှင်အားလုံးထံတင်ပြလေသည်။

[Completed]ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည်Donde viven las historias. Descúbrelo ahora