27

9.6K 1K 22
                                    

U••

[မင်းကကိုယ့်အပိုင်]

Mature content Alert! 🚨

Note - ကျန်းကျီဆိုတာယွီရှန်းကိုသူ့အဖိုးပေးထားတဲ့ ငယ်နာမည်ပါတဲ့ သူကယွီရှန်းဆိုတဲ့နာမည်ထက်အဲ့တာကိုပိုသဘောကျပါတယ်တဲ့ နောက်တစ်ပိုင်းမှာအဲ့အကြောင်းပါပါတယ် ဒါပေမဲ့အရှေ့မှာကြိုပြောထားတာကဘာကြီးမှန်းမသိဖြစ်နေမှာစိုးလို့ပါ

°°

တောက်ပသောနေရောင်ခြည်နှင့် နွေးထွေးလှပသော ရာသီဥတုလေးအတိုင်း ယွီရှန်းနှင့်ချန်းနင်တို့ ပျားရည်စမ်းခရီးကိုဖြတ်သန်းခဲ့ကြသည်။

အသက် ၃၀ အရွယ် ချောမောခန့်ညားသောလူက သူ၏ကြည့်ကောင်းလှသော အသက် ၂၀ ခင်ပွန်းလေးနှင့်အတူ ပြင်သစ်နိုင်ငံ ပရိုဗန့်တစ်လျှောက် လည်ပတ်ခဲ့ကြသည်။ ဝူထုံတောအုပ်ကြီး၏အရိပ်အောက်၊ အဓိကလမ်းသွယ်များနှင့်လမ်းကြားများမှ ရေပန်းများ၊ သူတို့ဘယ်ကိုပဲသွားသွား ပျော်ရွှင်မှုကတော့ ကပ်လျက်ပါရှိနေမြဲပင်။ ထို့အပြင် သူတို့ဘယ်ကိုရောက်ရောက် ပတ်ဝန်းကျင်ကစိတ်ကျေနပ်ဖွယ်ကောင်းလာ၏။

နေ့တိုင်းလိုလို ယွီရှန်းက ချန်းနင်သွားချင်သည့်နေရာများကိုလည်ပတ်ဖို့ခေါ်သွားပေးသည်။ သူ့ချစ်သူလေးက လည်တိုင်တွင်ကင်မရာတစ်လုံးချိတ်ထားရင်း သူတို့ကုန်ဆုံးခဲ့သမျှအခိုက်အတန့်အားလုံးကို မှတ်တမ်းတင်ထား၏။။ ထိုဓာတ်ပုံများထဲတွင်တော့ လှပသောပုံရိပ်များက စုံတွဲ၏ချစ်စဖွယ်အပြုံးများနှင့်ထပ်တူညီကျလျက်။ နူးညံ့သောထွေးပွေ့မှုများစွာနှင့် ကစားတတ်သောအခိုက်အတန့်လေးများက သူတို့နေ့တစ်နေ့ကိုဖန်တီးသည်။

ထို ချိုမြိန်၍ ပျော်စရာနေ့ရက်လေးများက လျို့ဝျှက်ကြံစည်မှုများ၊ ပူးပေါင်းမှုတိုက်ပွဲများမပါဝင်ပဲ သန့်စင်လွန်းလှသဖြင့် သူတို့ဘဝတစ်ခုလုံးဤလူသားနှင့်သာအဖော်ပြုကာ နေထိုင်သွားဖို့မျှော်လင့်မိတော့သည်။ ပြင်သစ်မှ ဗရိုဗန့်က အလွန်အံ့သြဖွယ်ကောင်းသည့်နေရာဖြစ်ကာ လူများကို စိတ်ပူစရာနှင့်ဒုက္ခများမေ့ပျောက်သွားစေ၍ သူတို့အသက်အရွယ်အတိုင်းပြုမူလျက် ငယ်ရွယ်လွတ်လပ်မှုကိုပေးလေသည်။

[Completed]ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည်Nơi câu chuyện tồn tại. Hãy khám phá bây giờ