U••
[ကျုပ်မျိုးနွယ်ကိုခံယူနိုင်တယ်]
ယင်မိသားစုကသူတို့ဘာသာစုရုံးရင်း စိုးရိမ်ပူပန်မှုက မျက်နှာတစ်ခုလုံး၌ရေးထားလေသည်။ ဧည့်သည်အရေးအတွက်ကသိပ်မများလှသော်လည်း ယင်မိသားစုအနေအထားနှင့်ယှဉ်လျှင်တော့ အားလုံးနီးပါးက မြင့်မားသည့်အသိုင်းဝိုင်းမှလာခြင်းဖြစ်ကာ ချဉ်းကပ်ဖို့ခက်ခဲသည့်လူစားများပင်။
လက်ထပ်ပွဲအခမ်းနားက လူအများစုတက်ခဲ့ကြသည့်အခြားပွဲများနှင့်အလွန်ကွဲပြား၏။ အဘယ်ကြောင့်ဆိုသော် မည်သူကမှ ဤလက်ထပ်ပွဲကို လူမှုရေးတိုးတက်ဖို့တက်ရောက်လာကြခြင်းမဟုတ်သောကြောင့်ပင်။ အားလုံးကဆုတောင်းခြွေပေးဖို့သာဖြစ်ကာ ကာယကံရှင်များဝင်လာသည်နှင့် ဟိုတစ်စုဒီတစ်စုဖြင့် သဟဇာတဖြစ်စွာဖြတ်သန်းနေကြ၏။
စိတ်မသက်မသာခံစားနေရသည်က ယင်မိသားစုဝင်များသာရှိသည်။ ဘယ်သူကမှသူတို့နှင့်အရေးတယူစကားမပြောကြ။ သူတို့တည်ရှိမှုကမဆိုင်သည့်နှယ်၊ ဤနေရာတွင်၎င်းတို့ရှိရှိမရှိရှိ ကာယကံရှင်များကိုရော ဧည့်သည်များ၏ခံစားချက်ကိုပါ ယိမ်းယိုင်လာစေမည်မဟုတ်ချေ။
အကြီးအကဲယင်၏စိတ်ထဲ၌အတော်လေးမကျေမနပ်ဖြစ်နေသော်လည်း သူမကအပေါ်ယံတွင်တော့ ရှုံ့တွနေသည့်အပြုံးကိုဆက်လက်ထိန်းသိမ်းထားဆဲပင်။ ယခုအခြေအနေမျိုး၌သူတို့ကို လျစ်လျူရှုထားသည့်အတွက် မဒမ်ရှန်ကိုသူတို့အပြစ်မတင်နိုင်ချေ။ ရှန်မိသားစုဘက်မှသူတို့ကိုလုံလောက်သည်ထက်ပိုအောင် ပေးသွားပြီးပြီမို့ ရွေးချယ်စရာမရှိပဲအခြေအနေကိုလက်ခံရုံသာတတ်နိုင်သည်။
သို့သော်လည်း သူတို့ကအမျိုးများဖြစ်သည့်တိုင် လုံးလုံးလျားလျားကြီးလျစ်လျုရှုထားခံရသည်က မည်သို့ပင်ဖြစ်ဖြစ်နားလည်ပေးဖို့ခက်ခဲလှသည်။ ပိုဆိုးသည်က အခမ်းအနားစတင်သည့်အခါ ဂါရဝပြုရာ၌ မဒမ်ရှန်နှင့်သူ့သားသာရှိကာ ယင်မိသားစုဝင်များအတွက်တစ်ခုံပင်မရှိချေ။ ၎င်းကအကြီးအကဲယင်၏နှလုံးသားကို အလွန်ပင်ဟန်ချက်မညီဖြစ်သွားစေ၏။
မည်သည့်အကြောင်းကြောင့်များ မဒမ်ရှန်ကသူမမြေးဂရဝါပြုတာကိုခံရပြီး သူမကတော့၎င်းကိုလက်ခံဖို့ဘာအခွင့်အရေးမှမရှိရသနည်း? သူတို့နှစ်ယောက်လုံးမတူညီသည့်မိသားစုများမှအကြီးအကဲများဖြစ်သည့်တိုင် ခြားနားစွာဆက်ဆံခံရလေသည်။ ထိုအရာက မျက်နှာပျက်ရမည်ကိုမကြိုက်သော အကြီးအကဲယင်အတွက် ဘာကြောင့်ဖြစ်ဖြစ်လက်မခံနိုင်သောအရာပင်။
YOU ARE READING
[Completed]ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည်
RomanceTitle - Strongly Pampered Male Wife Author - The Road Under Those Bare Feet Genre - Romance, Slice of life, Yaoi Status in COO - 64 chapters Full credit to original author and english translator. Start date - 10 Jan 2021 End date - 23 Oct 2024