37.2

6.6K 894 18
                                    

U••

သိချင်စိတ်နှင့်အတူ ဟယ့်ချန်းမေးချင်ခဲ့သည်မှာကြာပြီဖြစ်သော်လည်း အချိန်တိုင်းလိုလိုတစ်ဖက်လူထံမှ အိပ်ပျော်သည့်အချိန်အထိကစားခြင်းသာခံခဲ့ရ၏။ ယနေ့ကဲ့သို့ နိုးနေဆဲအချိန်မျိုးရှားပါးသည်မို့ သူမေးခွန်းထုတ်လာတော့သည်။

"ကျန်းကျီ.. ကျွန်တော်ခင်ဗျားကိုမေးချင်တာတစ်ခုရှိတယ်"

ရှန်ယွီရှန်းကသူ့ကျောပြင်ကိုပွတ်သပ်ရင်း..

"ဘာလဲ?"

"ခင်ဗျားလေ... အရင်တုန်းကတစ်ယောက်ယောက်နဲ့တစ်ခါမှမအိပ်ဖူးဘူးလား?"

ရှန်ယွီရှန်းက သူ့ကျောပြင်၌ပြင်းရှရှအနမ်းတစ်ပွင့်ဖိပေးလိုက်သည်မို့ ပန်းနုရောင်အမှတ်အသားလေးတစ်ခု ဟယ့်ချန်းနင်ကျောပြင်တွင်ပေါ်ပေါက်လာတော့သည်။

"ဘာလို့မေးတာလဲ?"

ထိုလူ၏အဆက်မပြတ်၊ မဆုတ်မနစ်ကျီစယ်မှုများကိုရှောင်ရှားရန် ဟယ့်ချန်းနင် အနည်းငယ်ရှောင်ရှားလိုက်မိသည်။

"ကိုယ်ဘယ်သူနဲ့မှမအိပ်ဖူးဘူး။ ကိုယ်ကအရမ်းကိုရှေးရိုးဆန်တဲ့လူပါနော်။ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ့်ဇနီးလေးတစ်ယောက်ထဲကိုပဲပေးမှာ"

ပြေူရင်းဖြင့် သူကဟယ့်ချန်းနင်၏ဗိုက်သားလေးကို ပွတ်သပ်လေသည်။

သူ့ဇနီးလေးအတွက် ရှန်ယွီရှန်းစိတ်မကောင်းဖြစ်မိပါ၏။ ဒီနေ့အတွက်တော့တော်သင့်ပြီမို့ သူစတာရပ်ရပေတော့မည်။ ထို့နောက် ဟယ့်ချန်းနင်ကိုမချီ၍ ရေချိုးခန်းထဲခေါ်ကာရေချိုးပေးရတော့သည်။

ရေနွေးနွေးလေးက ပင်ပန်းနွမ်းနယ်နေသောခန္ဓာကိုယ်အား အလွန်သက်သောင့်သက်သာဖြစ်စေပါ၏။

ရှန်ယွီရှန်းက ဟယ့်ချန်းနင်၏ခန္ဓာကိုယ်ကိုဆေးကြောဆန့်စင်ပေးရင်းဆိုသည်။

"ချန်းနင်ကိုယ့်ကိုယုံမှဖြစ်မယ်။ ကိုယ်တို့ရဲ့ခန္ဓာကိုယ်တွေက ကိုယ်တို့အချင်းချင်းပဲပိုင်တာ"

ဟယ့်ချန်းနင်ကရှန်ယွီရှန်း၏စေ့စပ်သေချာ၍ ဂရုစိုက်လွန်းသောဝန်ဆောင်မှုကိုခံစားရင်း မျက်လုံးကိုမှေးကျဉ်းကာဆိုလေသည်။

[Completed]ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည်Nơi câu chuyện tồn tại. Hãy khám phá bây giờ