U••
[ယင်မိသားစုကကြံစည်ကြပြန်ပြီ]
မဒမ်ရှန်ကသူမပေးမည့်လက်ဆောင်များအကြောင်း ဆက်လက်၍ပြောနေကာ လူအပေါင်း၏မေးရိုးပြုတ်မတတ်အမူအရာများအား လုံးလုံးလျားလျားလျစ်လျူရှုထားလေ၏။ ရှန်ကော်ကျန်းနှင့်သူ့ဇနီးသည်ပင် ပါးစပ်ဟောင်းလောင်းဖြင့် ထိုင်ကြည့်နေရလေသည်။
မဒမ်ရှန်ပြောလို့ပြီးသွားသည့်အချိန်၌တွင်တောင် အသိစိတ်ပြန်မရကြရှာသေးပေ။
မဒမ်ရှန်ကလည်ချောင်းကိုရှင်းလိုက်ရင်းဖြင့်
"အဟမ်း..တခြားထင်မြင်ချက်ဖြစ်ဖြစ် အကြံပြုချင်တာဖြစ်ဖြစ်ရှိရင်ပြောလို့ရတယ်လေ"အံ့သြမှုမှပြန်လည်သက်သာလာသည့်မဒမ်ယင်ကတော့ နောင်တများအစားထိုးဝင်လာရတော့သည်။ လွတ်တဲ့ငါးကကြီးသွားသည့်အဖြစ်မျိုးပါပင်။ အကယ်၍သူတို့သာ မဒမ်ရှန်ကချန်းနင်ကိုထိုမျှလောက်လက်ဆောင်များစွာပေးမည်မှန်းသိခဲ့ပါက သူတို့ကုမ္ပဏီအကြောင်း ထုတ်တောင်ပြောမိခဲ့မည်မဟုတ်ပါချေ။ အနည်းဆုံးတော့ သူတို့ချန်းနင်လက်ဆောင်များမရခင်အထိစောင့်ခဲ့ပါက ယင်မိသားစုသည်လည်း ကုမ္ပဏီကိုပြင်ဆင်ဖို့အပေးအယူလုပ်သည့်ငွေပမာဏထက် များစွာပိုရနိုင်လိမ့်မည်ပင်။ ထိုကျွန်းငယ်လေးများနှင့် သတ္တုတွင်းများကမည်မျှတန်မှန်းသူမသေချာမသိသော်လည်း ပမာဏကတော့နည်းမည်မဟုတ်။ ၎င်းကယင်မိသားစုတစ်ခုလုံး၏ရှိရှိသမျှသောစည်းစိမ်အလုံးစုံနှင့် နှိုင်းယှဉ်၍မရသည်မျိုးတောင်ဖြစ်ကောင်းဖြစ်နိုင်ပါ၏။ ချန်းနင်ကိုပေးမည့်မုန့်ဖိုးသန်း ၂၀ နှင့်အခြားပိုင်ဆိုင်မှုများကတော့ ထည့်တွက်စရာမလိုအောင်ပင် ကြောက်မက်ဖွယ်ကောင်းလှသည့်ပမာဏဖြစ်ချေသည်။ ထို့နောက် ဟိုတယ်မှရသောအကျိုးအမြတ်၏တစ်ဝက်? ထိုပမာဏကကောင်းကင်ထိပင်ရောက်နေချေပြီ! ခုနကစိတ်မရှည်ခဲ့မိသည့်အတွက် အကြီးအကဲယင်တစ်ယောက်အတော်လေးနောင်တရနေချေပြီ။
သို့သော်လည်း သူမ၏စိတ်ကူးများက ချက်ချင်းပြောင်းပြန်လန်သွားပြန်ပါသည်။ ချန်းနင်အတွက်လက်ဖွဲ့ဟူသည်က ယင်မိသားစုအတွက်ဟုလည်း ဆိုလိုသည်မဟုတ်ပါလား။ ချန်းနင်ကထိုအကျိူးအမြတ်များအားလုံးကို လက်ဝါးကြီးအုပ်ထားရန်မှာ ယုတ်တိမတန်လှပါချေ။ မည်သို့ပင်ဖြစ်ဖြစ် ယင်မိသားစုကထိုအထဲမှဝေစုအနည်းငယ်တော့ ရကိုရမှဖြစ်မည်။ သို့သော်လည်း မဒမ်ရှန်၏စကားများကသူမကိုစိတ်ပူစေပြန်၏။ သူမ မည်သို့လုပ်ရမည်နည်း? သူတို့နည်းလမ်းတစ်ခုခုစဉ်းစားမှကိုဖြစ်ပေတော့မည်။
أنت تقرأ
[Completed]ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည်
عاطفيةTitle - Strongly Pampered Male Wife Author - The Road Under Those Bare Feet Genre - Romance, Slice of life, Yaoi Status in COO - 64 chapters Full credit to original author and english translator. Start date - 10 Jan 2021 End date - 23 Oct 2024