53-57

2.7K 228 15
                                    

အပိုင်း ၅၃ : ကုချန်ရဲ့လက်စားချေမှု

နေရာမှာရှိနေတဲ့ စိတ်ဓါတ်ကျဖွယ်လေထုကြီးက ဒီအခြေအနေရဲ့ ဆိုးရွားမှုတွေကို ဖုံးကွယ်ဖို့ မတတ်နိုင်ပေ။ လူအိုကြီးဟယ့်ကတော့ သူ့ရဲ့ အဆင့်အတန်းမြင့်မားပြီး မာနကြီးတဲ့ပုံစံကျရှုံးသွားပြီးတော့ အခုဆိုရင် သူ့ရဲ့အထွတ်အထိပ်ကိုပြီးဆုံးသွားပြီဖြစ်တဲ့ လူအိုကြီးတစ်ယောက်လိုမျိုး မြင်နေရပြီ။ အကူအညီမဲ့မှုနဲ့ ရှူံးသွားတဲ့ခံစားချက်က သူ့ရဲ့မျက်လုံးကို မူးဝေလာစေပြီး သူ့ရဲ့မာနကြီးတဲ့နှလုံးသားထဲကို ခပ်ချွန်ချွန်ဓါးတစ်လက်နဲ့ထိုးထားပြီး သူ့ရဲ့လုပ်ရပ်တွေအားလုံးကို လှောင်ပြောင်နေသလို ခံစားပါပဲ။

ဟယ့်မိသားစုအတွက်ပဲ သူက သူ့သမီးရဲ့ပျော်ရွှင်မှုနဲ့ဘဝကို စတေးခဲ့ပြီး သူ့ရဲ့ သုံးနှစ်အရွယ်မြေးလေး အသက်ရှင်ဖို့အတွက် ရုန်းကန်နေရတာကို ဘေးကနေပဲကြည့်ရင်း သူ့နှလုံးသားက အေးစက်ပြီး မာကြောနေခဲ့တာ။

တကယ်တမ်းတော့ ဟယ့်မိသားစုရဲ့ကြီးထွားမှုနဲ့အောင်မြင်မှုဆိုတာက သူ့ကိုယ်သူ တခြားသူတွေထက် မနိမ့်ကျဘူးဆိုပြီး မာနကို အစာကျွေးဖို့ သက်သက်ပါပဲ။ သူငယ်ငယ်တုန်းကဆိုရင် သူက ရည်မှန်းချက်ကြီးတယ်။ ပြိုင်ဆိုင်လွန်းတယ်။ တခြားသူတွေဆီကနေ အမြဲတမ်း တန်ဖိုးထားခံချင်ခဲ့တာ။ ရှန်မိသားစုရဲ့ အဖိုးအိုကြီးနဲ့ သူ့ရဲ့သူငယ်ချင်းဆက်ဆံရေးကတောင်မှ နည်းနည်းလေး တွက်ချက်ထားတာမျိုးလေ။
ရှန်မိသားစုရဲ့အဖိုးအိုကြီးကို သူတို့ရဲ့ခက်ခဲနေတဲ့အချိန်မှာ လက်တစ်ဖက်ကမ်းလှမ်းပေးရုံအပြင် ဘာမှမရှိခဲ့ဘဲ အများကြီးလဲ အင်အားမစိုက်ထုတ်ခဲ့တာလဲမဟုတ်ဘူး။ သူက ဒီအခွင့်အရေးကို အသုံးချပြီးတော့ ရှန်မိသားစုရဲ့ လူအိုကြီးရဲ့အထက်ကို တက်ချင်ခဲ့တာ။ တကယ်တမ်းတော့ ရှန်မိသားစုရဲ့ လူအိုကြီးရဲ့ ကောင်းကင်ဘုံက ချီးမြှောက်ခံထားရတဲ့ အင်အားကြီး မိသားစုနောက်ခံကို သူက မနာလိုဖြစ်နေခဲ့တာလေ။ တချို့အရာတွေက သူ့ရဲ့ဘဝကိုပေးရင်တောင်မှ မရနိုင်တာတွေရှိတယ်။

အခုကျတော့ သူ့ရဲ့မာနနဲ့ပျော်ရွှင်မှု၊ သူ တစ်ဘဝလုံး ဖန်တီးတည်ဆောက်ထားခဲ့ရတဲ့အရာအားလုံးက ရက်အနည်းငယ်အတွင်းမှာတင် ဒီလိုလူမျိုးဆီကနေ ဖျက်ဆီးခံလိုက်ရပြီလေ။ ဘယ်လိုပဲဖြစ်ဖြစ် သူ အင်အားမဲ့စွာနဲ့ပဲ မတ်တပ်ရပ်ရင်း ဘာမှမလုပ်ဘဲ ကြည့်နေရုံပဲ တတ်နိုင်ခဲ့တယ်။ ဒီလိုထိခိုက်မှုမျိုးက သူ့ကို ဖိချေပစ်လိုက်သလိုပဲ။ သူဒီနေ့ ထိုင်နေတယ်ဆိုပေမဲ့လဲ အရှုံးပေးဖို့အတွက် မလိုလားဘဲနဲ့ အနားယူဖို့အတွက်လဲ မဝံ့ရဲလှဘူး။ သူ့နှလုံးသားက အော်ဟစ်ပြီးပြောနေတာက သူက ပြိုင်ဖက်မရှိဘူး။ သူက ဟယ့်မိသားစုရဲ့ခေါင်းဆောင်ပဲ။ သူက ဟယ့်မိသားစု ဒီနေ့ ဒီလိုဖြစ်လာအောင် လုပ်ပေးခဲ့တဲ့သူပဲ။ သူက သူရရှိခဲ့တဲ့ အောင်မြင်မှုမှန်သမျှကို တခြားသူတွေဆီကနေ ဒီလိုမျိုး ဖုန်မှုန့်တွေဖြစ်တဲ့အထိ အချေခံရမှာမျိုး မလိုလားလှဘူး။ ဒါကြောင့်မို့လို့ သူ့ကိုယ်သူ မျိုချရမယ်ဆိုရင်တောင်မှ သူက တခြားသူတွေ သူ့ကို ဟာသလိုမျိုးကြည့်မှာကို မခံစားနိုင်ဘူး။

[Completed]ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည်Tempat cerita menjadi hidup. Temukan sekarang