48

5.6K 407 37
                                    

U••

[ရှန်အဖွဲ့အစည်း၏ဧည့်သည်တစ်ယောက်]

ဟိုတယ်တွင်စောင့်ဆိုင်းနေသော ဟယ့်မင်ဖန် နှင့်ဟယ့်ကျွင်းရှန်း တို့နှင့်တွေ့ဆုံပြီးနောက် အဖိုးကြီးသည် သူတို့တည်းခိုရာဟိုတယ်တွင် တစ်ညတာအနားယူခဲ့သည်။ ထို့နောက် မစ္စစ်ရှန်ထံကို သုံးရက်အတွင်း အလည်လာရန် စီစဉ်ထားကြောင်း postcard တစ်ခုပို့လိုက်လေ၏။

၎င်းကိုကိုလက်ခံရရှိသောအခါ၌ အမျိုးသမီးကြီး အနည်းငယ်အံ့သြသွားခဲ့ကာ ခဏစဉ်းစားပြီးနောက် ရှန်ယွီရှန်း ကိုဖုန်းခေါ်လိုက်တော့သည်။ 

"ယွီရှန်း...၊ ဟယ့်မိသားစုရဲ့ခေါင်းဆောင်က သုံးရက်အတွင်း အိမ်ကို လာလည်မယ်တဲ့"

ရှန်ယွီရှန်း က မျက်မှောင်ကြုတ်ကာ...

"အဖွားက ဘယ်သူ့ကိုပြောနေတာလဲ"

"'ဟို'တစ်ယောက်ပဲပေါ့"

ရှန်ယွီရှန်း ကဆင်ခြင်သုံးသပ်လာသည်။ 

"အဖွား... ဒီကိစ္စနဲ့ပက်သက်ပြီးညှီနံ့နည်းနည်းရနေတယ်"

"အိုး? ဘယ်လိုမျိုးလဲ?"

"ဒီမတိုင်ခင် ဟယ့်မိသားစုရဲ့ ဟယ့်မင်ဖန် နဲ့ ဟယ့်ကျွင်းရှန်းတို့ကဗီလာကို ရောက်လာပြီး ချန်းနင် ကို တွေ့ဖို့တောင်းဆိုတယ်။ ဒါပေမဲ့ ကျွန်တော် ငြင်းလိုက်တာ"

မစ္စရှန်း၏ ထက်မြက်သောဥာဏ်ရည်ဥာဏ်သွေးက လျင်မြန်စွာ လှုပ်ရှားသွားခဲ့သည်ပင်။ 

"လူအိုကြီး နောင်တတွေရပြီးသူ့မြေးကိုအသိအမှတ်ပြုချင်လို့ ပြန်ပြင်ဆင်ခြင်တယ်ဆိုတဲ့အတွေးမျိုးကိုတော့ မငြင်းနိုင်ပါဘူး ဒါပေမဲ့ ကိစ္စတွေက တိုက်ဆိုင်လွန်းတဲ့အခါကျ လေးလေးနက်နက် တွေးသင့်တယ်"

"ကျွန်တော်လည်း အဲ့လိုပဲခံစားရတယ်။"

အဘွားအိုက ပြုံးပြီးရယ်မောလာခဲ့သည်။

"စိတ်မပူပါနဲ့၊ သူဘာပြောချင်တာလဲဆိုတာ နားထောင်ကြည့်ကြတာပေါ့ ၊ပြီးရင်တော့မင်းချန်းနင်ကိုဂရုစိုက်ဖို့ဒုက္ခပေးရတော့မှာပဲ... ဘယ်ဟာကမှချန်းနင်ကိုမထိခိုက်စေနဲ့.. ဘယ်သူကမှချန်းနင်နဲ့ ကလေးတွေထက် ပိုအရေးမကြီးဘူး။ အဲ့တာကိုသာသတိရထား"

[Completed]ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည်Donde viven las historias. Descúbrelo ahora