"ထယ်ယောင်း သား ၊ထတော့ထတော့"
" ဗျာ ၊ ဟင့်အင်း"
"ဪ ဒီကလေးနှယ် နင့်အဖေပုဏ္ဏားကြီး ဒီနေ့ပြန်ရောက်မှာဟဲ့၊ အရိုက်ခံချင်လို့လား"အထိန်းတော်ကြီးရဲ့ စကားကြောင့် ငေါက်ခနဲ့ထပြီး ရေချိုးခန်းထဲပြေးတော့တယ်။
အဖေ့ကိုတော့ အတော်ကြောက်ပါတယ်။ သူအပြစ်လုပ်ရင် သူ့အပြင် အမေ့ကိုပါရိုက်တာကြောင့်ဖြစ်တယ်။အိမ်တော်အဝင်နားကိုရောက်တော့ သူ့လိုပဲ အဖေ့ကိုကြိုဖို့အဖေတူအမေကွဲ အမတော် ညီမတော်များစွာရောက်နှင့်နေပြီ။
ဘုရင့်နန်းတော်ကနေပြန်လာတဲ့ အဖေကတော်ဝင်လက်ဝတ်လက်စားနဲ့ အဝတ်အစားတွေပေးတတ်တာကြောင့် အားလုံးက ဦးဦးဖျားဖျားကြိုဆိုကြတယ်။
ထယ်ယောင်းက ယောကျာ်းလေးမို့ အဲ့တာတွေစိတ်မဝင်စားပေမဲ့လဲ အပြစ်လွတ်အောင်သာ ကြိုဆိုဖြစ်တယ်။အစောင့်တွေခြံရံလို့ ရောက်လာတဲ့အဖေ့ကိုတွေ့တော့ ထယ်ယောင်းလဲ နေရာယူ ဝင်ရပ်လိုက်တယ်။
"ကြိုဆိုပါတယ် သခင်ကြီး"
သံပြိုင်အဆုံးမှာ ခေါင်းတွေငုံ့လိုက်ကြတယ်။
သူတို့ကိုဘာမှမတုံ့ပြန်ဘဲ နားခန်းထဲဝင်သွားတဲ့သခင်ကြီး။
အနောက်ကပါလာတဲ့ အစောင့်တွေက သူတို့ရှေ့ကိုသေတ္တာတွေ တစ်လုံးစီလာချပေးနေတယ်။တခြားလူတွေက ပိုးထည်တွေ အဝတ်အထည်တွေရပေမဲ့
ဆိုရာနဲ့ ဆာရှာကတော့ ရတနာတွေပါတဲ့သေတ္တာတစ်လုံးစီရတယ်။
မထူးဆန်းပါဘူး။ သူတို့နှစ်ယောက်လုံးက တော်ဝင်အလှကိုယ်စီနဲ့ လာရောက်တောင်းရမ်းတဲ့သူတွေ ပေါများတယ်လေ။ အထူးသဖြင့် ရွှေရောင်ဆံပင်ရှည်တွေနဲ့ဆာရှာ။
သူမအလှက လျှို့ဝှက်ဆန်းကြယ်ပြီး ထူးခြားတဲ့အလှမျိုး။ဒါကြောင့်လဲသခင်ကြီးရဲ့ မျက်နှာပေးမှုကိုရတာပေါ့
အားလုံးက သေတ္တာကိုယ်စီနဲ့ ရီရီမောမောစကားတွေပြောရင်း ကိုယ်စီအခန်းတွေထဲဝင်သွားကြတယ်။ ထယ်ယောင်းရှေ့မှာတော့ ဘာသေတ္တာမှရှိမနေပါဘူး။
သူ့အတွက်မပါရင်တောင် အမေ့အတွက်တော့ ပေးရင်ကောင်းမယ်လို့ မျှော်လင့်မိတာ။ ခပ်နွမ်းနွမ်းအမျိုးသမီးဝတ်စုံနဲ့ အမေက တခြားအမျိုးသမီးတွေကြားထဲ အားငယ်နေသလိုပင်။
ထယ်ယောင်းသက်ပြင်းချပြီး အခန်းထဲသာပြန်ဝင်ခဲ့တယ်။
YOU ARE READING
Be Mine
Fanfictionကိုယ်ဟာစစ်ပွဲတိုက်မှာ အနိုင်ရခဲ့ပေမဲ့ မင်းမျက်ဝန်းဆီမှာတော့ ကျရှုံးခဲ့ရပြီ။ မင်းဟာ ကိုယ်ကိုးကွယ်ရတဲ့ အလှနတ်ဘုရားပါ ကင်။ ကြီးမြတ်လှတဲ့ အလှနတ်ဘုရားရေ ကျွန်တော်မျိုးကို တစ်ချက်လောက်ပြုံးပြလှည့်ပါ။