Be Mine Ep_17

2.1K 160 1
                                    

"ကျွန်တော်လေ ကျွန်တော်မျိုး မိဖုရားငယ်ကို သဘောကျတယ်"

"ကျွန်တော်မျိုးအပိုင်မဟုတ်ပေမဲ့လဲ အမြဲတမ်းပျော်နေစေချင်တယ်၊ ကာကွယ်ပေးချင်တယ်၊ အရာရာကိုဖြည့်‌ဆည်းပေးချင်တယ်"

"ခမ်မာရယ်"
"ကျွန်တော်မျိုးရဲ့  အသက်ဝိဉာဉ်ထက် ပိုတန်ဖိုးထားလို့ ချစ်မြတ်နိုးမိပါတယ်"

ပါးစပ်ထဲကထွက်လာတဲ့ အပြာနုရောင်အမြုတေ။

"ဒါကျွန်တော်မျိုးရဲ့  အမြုတေပါ၊ ဒီစစ်ပွဲမှာ မိဖုရားငယ်ကို အကာအကွယ်ဖြစ်စေလိမ့်မယ်"

မျက်ရည်တွေစီးကျလို့ နာကျင်မှုကို ခံစားနေတဲ့ခမ်မာရဲ့ မျက်လုံးတွေ။

မိဖုရားရဲ့ အတွင်းဝတ်ရုံထဲကိုထည့်ပေးလိုက်တယ်။

"အတူရှိခဲ့တဲ့ အမှတ်တရတွေက ကျွန်တော်မျိုးအတွက် တန်ဖိုးအရှိဆုံးအရာတွေပါပဲ မိဖုရားငယ်"

____________________

တဖြည်းဖြည်း အငွေ့ပျံလို့ ပျောက်ကွယ်သွားတဲ့ အမြုတေနဲ့
တဖြည်းဖြည်း ပွင့်လို့လာတဲ့ မျက်ခွံတွေ။

"မောင်?"
ဖွင့်ဖွင့်ချင်းမြင်လိုက်ရတာ သူရဲ့ချစ်ရသူမောင်။

"ထယ်ယောင်းငယ် နိုးလာပြီပေ့ါ၊ သက်သာရဲ့လား ဘယ်လိုနေလဲဟင်"

သူ့လက်ကို ကြင်ကြင်နာနာဆုပ်ကိုင်လို့ စိုးရိမ်နေတဲ့စစ်သူကြီး။

"ကျွန်တော်သက်သာနေပါပြီ"
"မောင့် အမှားတွေပါ ၊ မောင် ယောင်းငယ်ပေါ်မှာ တာဝန်မကျေခဲ့ဘူး"

"...."
"မောင် အရမ်းညံ့တယ်၊ ယောင်းငယ်ကိုမကာကွယ်နိုင်ခဲ့ဘူးကွယ်"

"မဟုတ်တာ၊ ‌ကျွန်တော်သက်သာနေပါပြီ မောင်ရယ်"
"ဘာပဲဖြစ်ဖြစ်‌ မောင့်ကိုမထားခဲ့လို့ ကျေးဇူးတင်ပါတယ်ယောင်းရယ်"

ရင်ခွင်ထဲထွေးဖက်လို့ ခပ်တိုးတိုးလေးငိုနေတဲ့မောင်။
(ကျွန်တော့်ကို အဲ့လောက်ထိ တန်ဖိုးထားတယ်လားမောင်ရယ်)

ကျယ်ပြန့်လွန်းတဲ့ကျောပြင်ကျယ်ကို ပြန်လည်ဖက်တွယ်ထားလိုက်တယ်။

မှတ်မိသလောက်တော့ သူ့ရင်ဘတ်ကို မြှားကတစ်ဆုံးဝင်လာတာပါ။ သတိမလွတ်ခင်ထိ သေမတတ်နာကျင်နေခဲ့တာ။

Be MineWhere stories live. Discover now