"အကိုတော်"
"ပြောပါဗျ""ကျွန်တော်လေ တစ်ခါပဲ ဆုံဖူးတဲ့လူတစ်ယောက်ကို ထပ်ခါထပ်ခါတွေ့ချင်နေမိတယ် အဲ့တာအချစ်လားဟင်"
သူ့စကားအဆုံးမှာ ခမ်မာက ပြုံးစိစိနဲ့ကြည့်တယ်။
"အချစ်ပေါ့ ကောင်လေးရ ၊ မင်းသူ့ကိုချစ်မိနေပြီ"
"ဟင်"
"အကိုတော်ကို ပြောပါဦး ဘယ်မိန်းကလေးလဲ"
"သူ သူက မိန်းကလေးမဟုတ်ဘူး၊ ဟိုစစ်သူကြီးတစ်ယောက်ပါ"မျက်နှာလေးရဲတွတ်လို့ ပြန်ဖြေတဲ့လိုင်ရာ။
အကိုတော်က သူ့စကားကို ခေါင်းတညိမ့်ညိမ့်နဲ့နားထောင်နေတယ်။"အချစ်ဟာ အကန့်သတ်မဲ့တယ် ပြီးတော့ လွတ်လပ်တယ်၊ မင်းလဲ ဘယ်သူ့ကိုမဆိုချစ်ခွင့်ရှိတယ်
ဒါပေမဲ့ တဖက်သတ်အချစ်တော့ မဖြစ်စေနဲ့ပေါ့ကွာ""ကျွန်တော်..."
"မင်းစိတ်အဆင်ပြေတဲ့ခါ အကိုတော်ကိုပြောပြပေါ့ ဘယ်သူဘယ်ဝါဆိုတာ""ဟို ကျွန်တော် စီယံစစ်ကြောင်းကနေပြန်လာရင်ပြောပြပါ့ပမယ်"
"အင်း အန္တာရယ်ကင်းကင်းနဲ့ပြန်လာခဲ့ပါငါ့ညီ"
စကားအဆုံးမှာ အကိုတော်က ရွှေပန်းတွေကို ဆက်ပြီးရေလောင်းနေတယ်။
(အခုတလော အကိုတော်က ရွှေပန်းတွေကို တခြားပန်းတွေထက် ပိုဂရုစိုက်နေသလိုပဲ)
_______________________
"ကောင်းကောင်းသုံးခဲ့ရပါတယ်"
"ငါထပ်ပြီး စစ်ချီမထွက်တော့ဘူး ခမ်မာ"အစီရင်လတ်ပတ်နဲ့ စာရွက်ကိုနေရာတကျပြန်ထားလိုက်တယ်။
မျက်ရည်စက်တွေ စီးကျလို့နေတဲ့ လိုင်ရာ။"ကျွန်တော်ပြန်လာပြီလေ "
"ကျွန်တော် ကျွန်တော်ပြန်ရောက်တဲ့ထိ ဘာလို့မစောင့်ပေးတာလဲ အကိုတော်ရာ"
"အကိုသိချင်ခဲ့တဲ့ ကျွန်တော်ချစ်တဲ့လူကို ပြောပြမယ်လေဗျာ"
တကယ်တော့ စီယံစစ်ကြောင်းက ကိုယ်ခံအားနည်းတဲ့ လိုက်ရာအတွက် သိပ်ကိုကြမ်းတမ်းခဲ့တယ်။
ဒါပေမဲ့ သူချစ်တဲ့စစ်သူကြီးရဲ့ မြင်းပေါ်မှာ ခရီးစဉ်တစ်ခုလုံးနီးပါး တူတူစီးခဲ့ရတာမို့ သိပ်ပျော်မိတယ်။
YOU ARE READING
Be Mine
Fanfictionကိုယ်ဟာစစ်ပွဲတိုက်မှာ အနိုင်ရခဲ့ပေမဲ့ မင်းမျက်ဝန်းဆီမှာတော့ ကျရှုံးခဲ့ရပြီ။ မင်းဟာ ကိုယ်ကိုးကွယ်ရတဲ့ အလှနတ်ဘုရားပါ ကင်။ ကြီးမြတ်လှတဲ့ အလှနတ်ဘုရားရေ ကျွန်တော်မျိုးကို တစ်ချက်လောက်ပြုံးပြလှည့်ပါ။