"ဝါးး အရမ်းလှတာပဲမောင်ရယ်"
"မောင့်မိဖုရားလောက်တော့ ဘယ်လှမလဲ"
"အာ"
ပါးလေးတွေနီရဲလို့ ခေါင်းငုံ့သွားတဲ့ မောင့်အသက်ရယ်ပါ။နှစ်လလောက်အနားယူပြီးမှ ပထမဆုံးထွက်လည်ရတာမို့ ရင်ခွင်ထဲက မိဖုရားငယ်က ပျော်နေရှာတယ်။
စီးတော်မြင်းပေါ်မှာ မိဖုရားကိုရင်ခွင်ထဲထည့်လို့ နေကြာပန်းခင်းထဲကို လိုက်ပို့နေတာ ပေါ့။
"ပျော်ရဲ့လား ယောင်းငယ်"
"အွန်း အရမ်းပျော်တယ် နောက်လဲလိုက်ပို့ရမယ်နော်"
"မိဖုရားလေးရဲ့ အမိန့်တိုင်းပါခင်ဗျ"
"အ့"အနောက်ကသိုင်းဖက်လို့ လည်တိုင်ကိုနမ်းရှုံ့လိုက်တော့ ရှက်သွားရှာတယ်။
လက်သေးသေးလေးတွေကို ဆုပ်ထားတာလေးက အပြစ်ကင်းစင်လွန်း။"ဟို"
"ပြောလေ ယောင်းငယ်"
"ဟို မောင် ကလေးလိုချင်လားဟင်"ပါးတင်မဟုတ် နားရွက်လေးတွေပါနီရဲလို့ မေးနေတဲ့မိဖုရားငယ်။
ခပ်တင်းတင်းလေးတိုးဖက်လိုက်တယ်။
"ဟင့်အင်း မောင် ယောင်းငယ်ကလွဲရင် ဘယ်သူ့ကိုမှမချစ်ချင်ဘူး။ ယောင်းလဲမောင်ကလွဲရင် ဘယ်သူမှမချစ်ရဘူး"
"မောင်က လောဘကြီးလိုက်တာ"
"ကြီးတယ် မောင့်အသက်လေးနဲ့ပက်သက်လာရင် မောင်ကဘာမှသည်းမခံတတ်ဘူး သိရဲ့လား"
အသည်းယားလွန်းလို့ ချစ်လွန်းလို့ အနားကမခွာချင်တာကို မိဖုရားငယ်ကမသိဘူးပဲ။
"မောင်တို့နှစ်ယောက်ကြားမှာ ဘယ်သူမှမရှိစေချင်ဘူး တကယ်"
"မောင့်သဘောပါ၊ ကျွန်တော်က မောင့်ပေါ်မှာတာဝန်မကျေသလိုဖြစ်မှာစိုးလို့"
ခေါင်းလေးငုံ့လို့ ပြောနေရှာတယ်။
သိပ်ကို လှလွန်းတယ် မိဖုရားရယ်၊
မျက်တောင်ရှည်တွေ
မျက်ခုံးနက်နက်လေးတွေ
နှုတ်ခမ်းရဲနီတွေ
တင်းရင်းနေတဲ့ ပါးမို့မို့လေးတွေအနီးကပ်မြင်နေတဲ့ အလှတရားတွေကြောင့် ရင်တွေခုန်မိတယ်။
ဒီလောက်ခမ်းနားလွန်းတဲ့ အလှတရားတွေကို ပိုင်ခဲ့တယ်ဆိုတာ အခုထိမယုံနိုင်။
YOU ARE READING
Be Mine
Fanfictionကိုယ်ဟာစစ်ပွဲတိုက်မှာ အနိုင်ရခဲ့ပေမဲ့ မင်းမျက်ဝန်းဆီမှာတော့ ကျရှုံးခဲ့ရပြီ။ မင်းဟာ ကိုယ်ကိုးကွယ်ရတဲ့ အလှနတ်ဘုရားပါ ကင်။ ကြီးမြတ်လှတဲ့ အလှနတ်ဘုရားရေ ကျွန်တော်မျိုးကို တစ်ချက်လောက်ပြုံးပြလှည့်ပါ။