"ထယ်ယောင်းငယ်"
"နိုးပြီလား"
"အင်း မောင်တောတောအိပ်ပျော်သွားတာပဲ"
"ရေသောက်မလား"
"ဟင့်အင်း မောင့်အတွက်ရေမလိုဘူး"ဂျောင်ကုကပြောရင်းနဲ့ ထယ်ယောင်းကိုယ်လေးကို သိုင်းဖက်လိုက်တယ်။
"မောင့်မိဖုရားလေးက မောင့်အတွက်အေးချမ်းဆုံးအရာပဲ"
"အာ"ရင်ခွင်ထဲက မိဖုရားလေးရဲ့ပါးတွေ နီရဲနေမယ်ဆိုတာ ငုံမကြည့်ဘဲနဲ့သိနေတယ်။
"ထယ်ယောင်းငယ်"
"ဗျာ"
"သဘာဝရေပူစမ်းကန် သွားလည်မလား"
"ဟင်"
"မောင်နဲ့ နှစ်ယောက်ထဲလေ"အံ့ဩမှုနဲ့ ပျော်ရွှင်မှုတို့ပေါင်းစပ်နေတဲ့ မိဖုရားရဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေ။
ပါးမို့မို့လေးတွေကို ပွတ်သပ်နေမိတယ်။
နောက်ပြီး နားရွက်နုလေးတွေ။
လည်တိုင်ဖြူဖြူလေးတွေ
ညှပ်ရိုးသေးသေးလေးတွေ
(မောင်ပိုင်ဆိုင်သော အလှတရားလေးတွေပေါ့)"သွားလည်ချင်လား ထယ်ယောင်းငယ်"
"ဟုတ်"သမင်မျက်လုံးလေးတွေလို ဝိုင်းစက်လို့ ချက်ချင်းလက်ခံရှာတယ်။ ရင်ခွင်ထဲ တဖန်ပွေ့ဖက်ထားလိုက်တော့ ပြန်လည်တွယ်လာတဲ့ လက်ချောင်းနုနုလေးတွေ။
(မောင့်အတွက် ဒီလိုအခိုက်တန့်လေးက အပျော်ရွှင်ရဆုံးပါပဲ)
___________________
"အရှင်စစ်သူကြီးမင်း ဘတ်အိမ်တော်သို့ ကြွချီလာပါတယ်"
"ဟင်"
ကြိုတင်ချိန်းဆိုခြင်းမရှိဘဲ ရုတ်ချည်းကြွချီလာတာမို့ ဘတ်အိမ်တော်အပါဝင် အစေခံတွေပါ ပြာကုန်ကြတယ်။
"အရှင်စစ်သူကြီးမင်းကို အရိုသေပြုပါတယ်"
ကြမ်းပြင်ပေါ်မှာ ဒူးတစ်ဖက်စီထောက်လို့ ခေါင်းငုံအရိုသေပြုနေတဲ့ ဘတ်အိမ်တော်သားတွေ။
"ကြိုတင်ရက်မချိန်းပဲ ရောက်လာရတဲ့အတွက် ရိုင်းပြမိပါတယ်"
"ကျွန်တော်မျိုးတဲ့ ဘတ်အိမ်တော်က အရှင်နဲ့တိုင်းပြည်အတွက် အချိနိအရွေးအသင့်ရှိပါတယ်ခင်ဗျာ""လာရင်းအကြောင်းကတော့ ဘတ်အိမ်တော်ရဲ့ သခင်ကြီးနဲ့ တိုင်ပငိစရာအကြောင်းတွေရှိနေလို့ပါ"
YOU ARE READING
Be Mine
Fanfictionကိုယ်ဟာစစ်ပွဲတိုက်မှာ အနိုင်ရခဲ့ပေမဲ့ မင်းမျက်ဝန်းဆီမှာတော့ ကျရှုံးခဲ့ရပြီ။ မင်းဟာ ကိုယ်ကိုးကွယ်ရတဲ့ အလှနတ်ဘုရားပါ ကင်။ ကြီးမြတ်လှတဲ့ အလှနတ်ဘုရားရေ ကျွန်တော်မျိုးကို တစ်ချက်လောက်ပြုံးပြလှည့်ပါ။