"ဒါဘာလုပ်နေကြတာလဲ"
"ဟင်"
"ကင်မိဖုရားကို လာနှုတ်ဆက်တာ"
"ကျစ် မင်းကိုနန်းတော်ထဲဝင်ခွင့်ပိတ်ထားတာမသိဘူးလား"
"အောင်ပွဲခံပွဲအတွက် လာကူညီတာပါ"
"ကျစ် နှုတ်ဆက်ပြီးရင်လဲပြန်တော့ လာထယ်ယောင်း"ဂျောင်ကုခြေလှမ်းကျဲတွေနောက် အပြေးလေးပါသွားတဲ့မိဖုရားငယ်။
ခေါင်းငိုက်စိုက်လို့ကျန်ခဲ့တဲ့ခမ်မာ။
(ကျွန်တော်သိပါတယ်၊ မဖြစ်နိုင်ဘူးဆိုတာကို၊ ဒါပေမဲ့...)
______________
"ပြောပါအုန်း အဲ့ကောင်လက်ကို ကိုင်ထားတဲ့အကြောင်းရင်း"
"..."
"ကျစ်"သူမေးတာကိုမဖြေဘဲ မိဖုရားဝတ်ရုံကို ဆုပ်ချေနေတဲ့ထယ်ယောင်း။
မျက်ရည်လေးတွေစိုစွတ်လို့၊ ခေါင်းကိုငုံထားပြန်တယ်(ဟူး သိပ်လှနေလို့ခွင့်လွှတ်လိုက်မယ်)
"မောင်တောင်းပန်ပါတယ်၊ မောင်လဲ မောင်လဲထယ်ယောင်းငယ်နဲ့ ပက်သက်လာရင် အထိမခံနိုင်လွန်းလို့ပါ"
"ဟု ဟုတ်"
တုန်ယင်နေတဲ့ မောင်မိဖုရားလေး။ရင်ခွင်ထဲကိုညှင်ညှင်သာသာ ထွေးပွေ့ထားလိုက်တယ်။
"မောင် ထယ်ယောင်းငယ်ကိုအရမ်းချစ်တယ်ကွယ်"ခုနကကြမ်းတမ်းနေသလောက် အခုကျတော့လဲ နူးညံ့လို့နေပြန်တယ်။
ဂျောင်ကုရဲ့ကြမ်းတမ်းတဲ့ပုံစံကိုမြင်ရင် အရမ်းကြောက်မိတယ်။ ငယ်ငယ်ကအဖေ့ပုံရိပ်တွေကြောင့်လဲ ဖြစ်ကောင်းဖြစ်နိုင်တယ်။တောင့်တင်းလွန်းတဲ့ကျောပြင်ကို ပြန်လည်ဖက်တွယ်ထားလိုက်တယ်။
(ကျွန်တော်လဲချစ်တယ် မောင်)
____________________
"ဒုတ် ဒုတ် ဒုတ်"
"ဟိုက်ယား"
"ကျား"ဖုန်တွေကြားထဲ မရပ်မနားပြေးနေတဲ့ မြင်းငါးစီး။
ထိုစဉ်ပူးကပ်သွားတဲ့ မြင်းနှစ်ကောင်။"ခေါင်းဆောင်ရန် ကျွန်တော်တို့ရိက္ခာတွေပြတ်နေပါပြီ၊ မြင်းတွေလဲ အားပြတ်နေပါပြီ"
"ဒီတည့်တည့်ဆက်သွားရင် ညနေစောင်းလောက်ဆို စီယံတိုင်းပြည်ကိုရောက်လိမ့်မယ် အဲ့မှာခဏဝင်နားတာပေါ့"
YOU ARE READING
Be Mine
Fanfictionကိုယ်ဟာစစ်ပွဲတိုက်မှာ အနိုင်ရခဲ့ပေမဲ့ မင်းမျက်ဝန်းဆီမှာတော့ ကျရှုံးခဲ့ရပြီ။ မင်းဟာ ကိုယ်ကိုးကွယ်ရတဲ့ အလှနတ်ဘုရားပါ ကင်။ ကြီးမြတ်လှတဲ့ အလှနတ်ဘုရားရေ ကျွန်တော်မျိုးကို တစ်ချက်လောက်ပြုံးပြလှည့်ပါ။