ကျွန်တော်သိတာပေါ့ မောင်ကျွန်တော့်ကို ပစ်မထားဘူးဆိုတာ။ ဒါပေမဲ့ ဒါပေမဲ့.... နှလုံးသားက နာကျင်နေတယ်။
(အရမ်းနောက်ကျတာပဲ စစ်သူကြီးရယ်)
မျက်ရည်တွေကြားကနေ ကြည့်နေရင်း တဖြည်းဖြည်းကျယ်လောင်နီးကပ်လာတဲ့ မြင်းခွာသံတွေ။
ခပ်မြင့်မြင့်ကနေ လွှင့်ပါနေတဲ့စီယံအလံကိုတွေ့တော့ မျက်ရည်တွေက အဆီးအတားမဲ့စွာ ကျဆင်းလာတယ်။
ရှေ့ဆုံးက စစ်ဝတ်စုံနဲ့မောင့်ပုံရိပ်လေး။အန္တာရယ်တွေ စစ်ပွဲတွေကို မေ့ပျောက်လို့ မောင့်ဆီသာ အရောက်သွားဖို့ ပဲသိတော့တယ်။
မြို့ရိုးပေါ်ကနေ စစ်မြေပြင်ပေါ်ကို ပြေးဆင်းလာတဲ့မိဖုရား။
အရှိန်နဲ့ဆင်းလာတာမို့ ဝတ်ရုံလေးနဲ့အတူ မျက်ရည်စတွေပါ လွှင့်ပါလို့။မြို့ရိုးပေါ်က မြှားတပ်တွေကလဲ မိဖုရားကိုအာရုံမရောက်တာမို့ တားဖို့မမှီလိုက်။
အတွေးထဲမှာတော့ မောင့်ဆီသွားချင်စိတ်တစ်ခုသာ။
_____________________
"ဘာတွေဖြစ်ကုန်တာလဲ"
"တကယ်ပဲ စီယံတပ်တွေလား"(ကျစ်၊ သောက်ဂွပဲ၊ ဒီချိန်ကျမှ၊ နိုင်ခါနီးကျမှကွာ)
စီယံအလံကို အဝေးကနေ ခပ်ရေးရေးမြင်လိုက်တော့ ပိုမိုထိတ်လန့်လို့သွားတယ်။ပါလာတဲ့အင်အားတပ်စုတွေကလဲ စီယံတွေခုခံတာနဲ့တင် သိပ်မကျန်တော့။
(တညလုံးတိုက်လို့ နိုင်ခါနီးကျမှ ရောက်လာရတယ်လား)တဖက်ကလဲ မိဖုရားကိုအပါခေါ်မယ်ဆိုတဲ့ ယတိပြတ်ဆုံးဖြတ်ချက်။
တဖက်ကလဲ စစ်ကြောင်းနဲ့ပြန်ရောက်လာတဲ့ စီယံဘုရင်။(ချီးပဲ ချီးပဲ၊ ဒီကောင်နဲ့ကြုံတိုင်း ငါ့အကြံအကုန်ပျက်ရတယ်)
စီယံတပ်ကို ဒေါသတကြီးနဲ့ စူးစိုက်လို့ကြည့်နေတဲ့မုရန်။
မြို့ရိုးပေါ်က မိဖုရားကို ပြန်ငေးမိတော့ စိတ်တွေပြန်တည်ငြိမ်သွားသလို။
ဒီလို အလှတရားကိုသာ ပိုင်ဆိုင်ရမယ်ဆိုရင် ဘာပဲလုပ်ရလုပ်ရပေါ့။ချစ်မိရင်တော့ ဘယ်သူမဆို ပိုင်ဆိုင်ချင်ကြတာပဲမဟုတ်လား။
YOU ARE READING
Be Mine
Fanficကိုယ်ဟာစစ်ပွဲတိုက်မှာ အနိုင်ရခဲ့ပေမဲ့ မင်းမျက်ဝန်းဆီမှာတော့ ကျရှုံးခဲ့ရပြီ။ မင်းဟာ ကိုယ်ကိုးကွယ်ရတဲ့ အလှနတ်ဘုရားပါ ကင်။ ကြီးမြတ်လှတဲ့ အလှနတ်ဘုရားရေ ကျွန်တော်မျိုးကို တစ်ချက်လောက်ပြုံးပြလှည့်ပါ။