"ဖွင်ကြည့်"
"ဘာကြီးလဲ"
"မောင့်အမေရဲ့ လက်ထပ်လက်စွပ်"
အနက်ရောင်ဗူးကိုဖွင့်လိုက်တော့ ပတ္တမြားလက်စွပ်လေး။"လာ မောင်ဝတ်ပေးမယ်"
ကုတင်ပေါ်မှာထိုင်နေတဲ့ ထယ်ယောင်းကို ဒူးတစ်ဖက်ထောက်ပြီးဝတ်ပေးနေတာမို့ ရင်ခုန်မိသလို။"မောင်မပြောမဆိုနဲ့ ထွက်သွားရတာကိုတောင်းပန်ပါတယ်"
"....."
"မောင့်ကိုသတိရမနေဘူးလားဟင်"
"....."တိတ်ဆိတ်မြဲ တိတ်ဆိတ်လို့နေတာမို့ ဂျောင်ကုဝမ်းနည်းလို့လာတယ်။ မောင်ဟာ ထယ်ယောင်းငယ်ကို ပိုင်ဆိုင်ထားပေမဲ့ ဝေးကွာနေသလို။
"မောင့်ကိုတခုခုပြောပါအုန်း"
"ကျွန်တော် နားချင်ပြီ"ယောင်းရယ်။ မောင့်ကိုရှောင်ချင်နေတာပဲ။
ရပါတယ် မောင်ပဲ အလိုက်သတိရှောင်ပေးလိုက်ပါ့မယ်။"အင်း မောင် အပြင်ထွက်လိုက်အုန်းမယ်"
ခရီးကပြန်ရောက်ခါစမို့ စစ်ဝတ်စုံတွေမလဲရသေးတဲ့ ဂျောင်ကု။
ဓားတွေသံချပ်ဝတ်တွေ ချွတ်လို့ အတွင်းဝတ်စုံနဲ့ အပြင်ထွက်သွားတယ်။ကုတင်ပေါ်မှာ အိပ်မပျော်သေးတဲ့ထယ်ေယာင်းကတော့ သူ့ကိုစောင်ခြုံပေးခဲ့တာကိုတော့ သိလိုက်တယ်။
(တောင်းပန်ပါတယ်။ ကျွန်တော်ခင်ဗျားကို နီးနီးကပ်ကပ်နေဖို့ တွန့်ဆုတ်နေမိတယ်)
_____________________
ခပ်အေးအေးညနေစောင်းချိန်လေး ။
ဘုရင့်စာကြည့်ခန်းထဲမှာ ပုရပိုက်တွေထိုင်ဖတ်နေမိတယ်။
ဝမ်းနည်းမှုတွေ ပြေပျောက်လို ပျောက်ငှားပေါ့။"ဂျောင်ကု"
"အဖေ? အဖေလား"
တံခါးဖွင့်ပြီး ဝင်လာတဲ့ ရဲမက်ဝတ်စုံနဲ့လူတစ်ယောက်။"သား ဂျောင်ကု၊ အဖေပါ"
"အဖေ အဖေမသေဘူးလား၊ ကျွန်တော့်ဆီပြန်လာတယ်လား"အဖေဆီသွားချင်တယ်။ ငါအဖေ့ဆီသွားချင်တယ်။
ထလို့မရတဲ့ ခန္ဓာကိုယ်က တယောက်ယောက်တတ်ဖိထားသလို။ အဖေကပြုံးပြနေတယ်။
"ဂျန်ဇီမြစ်"
"အဖေဘာကိုပြောတာလဲ"
"ဂျန်ဇီမြစ် ရေလျံလိမ့်မယ်"
"ပြီးတော့ ဟန်လူမျိုးတွေလာတိုက်လိမ့်မယ်"
YOU ARE READING
Be Mine
Fanfictionကိုယ်ဟာစစ်ပွဲတိုက်မှာ အနိုင်ရခဲ့ပေမဲ့ မင်းမျက်ဝန်းဆီမှာတော့ ကျရှုံးခဲ့ရပြီ။ မင်းဟာ ကိုယ်ကိုးကွယ်ရတဲ့ အလှနတ်ဘုရားပါ ကင်။ ကြီးမြတ်လှတဲ့ အလှနတ်ဘုရားရေ ကျွန်တော်မျိုးကို တစ်ချက်လောက်ပြုံးပြလှည့်ပါ။