"ဟမ်"
"ခင်ပွန်း?"
"ခင်ဗျားက?"
"မဟုတ်ဘူး မဟုတ်ဘူး တခုခုလွဲနေပြီ"
အတွေးတွေရှုပ်ယှက်ခက်နေတဲ့ ကောင်လေး။"မလွဲဘူး၊ မင်းနမယ် ကင်ထယ်ယောင်းမလား"
"ဟုတ်တယ်လေ ဒါပေမဲ့ကျွန်တော်က ယောကျာ်းလေဗျာ"
"ယောကျာ်းဖြစ်တယ် မိန်းမဖြစ်တယ်ဆိုတာထက် မင်းဖြစ်နေရင်ရပြီ"
"ဘာ ခင်ဗျား"
"ကဲ စထွက်မယ်၊ မောင်းတော့""မဟုတ်ဘူး မဟုတ်ဘူး၊ အမေကျွန်တော့်အမေ့ကို နှုတ်ဆက်သွားချင်တယ် တောင်းပန်ပါတယ် ခဏလေးပါ"
"ကိုယ်အချိန်မရှိဘူး"
ရထားလုံးပေါ်က ပြေးဆင်းဖို့လုပ်နေတဲ့ ထယ်ယောင်း။
အနောက်က သိုင်းဖက်လိုက်တဲ့ လက်တွေကြောင့် ရုန်းလို့မရတော့။ဖရိုဖရဲအခြေနေမှာ ရထားဘေးကိုရောက်လာတဲ့ အဖေ။
ထယ်ယောင်း အားကိုးတကြီး ခေါ်လိုက်မိတယ်။
"သ သခင်ကြီး"သူ့နားကိုကပ်လာပြီး တိုးတိုးလေးပြောတယ်။
"ဒီစစ်သူကြီးက ဆာရှာကိုတောင်ငြင်းပြီး မင်းကိုရွေးထားတာနော်။ မင်းအမေ သူကဒီမှာကျန်ခဲ့မှာ။
မင်းအမေကိုအဆင်ပြေစေချင်ရင် သူနဲ့အဆင်ပြေအောင်နေ။ မင်းဘဝကရွေးချယ်ခွင့် ငြင်းပယ်ခွင့်ရှိတယ်ထင်နေတာလား"အမေဆိုတဲ့စကားကြောင့် ထယ်ယောင်းရုန်းနေရာကနေ ငြိမ်ကျသွားတယ်။ ဟုတ်တယ် ။အဖေကသူအပြစ်လုပ်ရင် သူ့အပြင် အမေ့ကိုပါ ရိုက်နေကြ။ အဲ့လိုကောင်ကို မွေးရကောင်းလားဆိုပြီး။
ထယ်ယောင်းပုံရိပ်ဆိုးတွေကြောင့် မျက်ရည်တွေဝဲတတ်လို့လာတယ်။အိမ်တော်ထဲကိုမျက်လုံးဝေ့ကြည့်လိုက်တော့ ခပ်နွမ်းနွမ်းအဝတ်စားတွေနဲ့အမေက တံခါးဝမှာရပ်လို့နေတယ်။
ဟုတ်တယ် သူအမှားလုပ်မိရင် အဖေကအမေ့ကိုအပြစ်တင် ရိုက်နှက်လိမ့်မယ်။ အမေ့ကို မနာကျင်စေချင်သလို ဒီလူကြီးနဲ့လဲ လိုက်မသွားချင်ပါ။သူဒီထက်ငြင်းဆန်နေရင် သူ့အမေဒုက္ခရောက်လိမ့်မယ်ဆိုတာ အသေချာပဲလေ။ မျက်ရည်တွေကြားကအားတင်းရင် အမေ့ကို ပြုံးပြလိုက်တော့ အမေကပြန်လို့ပြုံးပြတယ်။
ဒါပေမဲ့ ခွဲခွာရလို့ ဝမ်းနည်းနေတဲ့အပြုံးမျိုးတော့မဟုတ်။
YOU ARE READING
Be Mine
Fanfictionကိုယ်ဟာစစ်ပွဲတိုက်မှာ အနိုင်ရခဲ့ပေမဲ့ မင်းမျက်ဝန်းဆီမှာတော့ ကျရှုံးခဲ့ရပြီ။ မင်းဟာ ကိုယ်ကိုးကွယ်ရတဲ့ အလှနတ်ဘုရားပါ ကင်။ ကြီးမြတ်လှတဲ့ အလှနတ်ဘုရားရေ ကျွန်တော်မျိုးကို တစ်ချက်လောက်ပြုံးပြလှည့်ပါ။