"မဝတ်ချင်ဘူးဆို"
"ဝတ်လိုက်ပါ မောင့်အသက်ရယ်"
"ဟင့်အင်း မဝတ်ဘူးဆိုမဝတ်ဘူးပဲ"
"ပြွတ်"
"လိမ်မာပါတယ် မောင့်အသက်က ဝတ်လိုက်နော်၊ မောင်နဲ့နှစ်ယောက်ထဲရှိတဲ့ချိန်ကျမှ ကြိုက်သလောက်ချွတ်"
"အာ ခင်ဗျားကြီးနော်"ပါးမို့မို့လေးတွေရဲတွတ်သွားတာကိုကြည့်ပြီး ဂျောင်ကုရီနေမိတယ်။ မိဖုရားဝတ်ရုံကိုလေးတယ်ဆိုပြီး မဝတ်ဘူးဂျီတိုက်နေတဲ့ မောင့် အသက်ရယ်ပါ။
အင်းပေါ့လေ၊ မောင့်အသက်ကနုနုလေးကိုး ။
နောက်မှဘတ်အိမ်တော်ကို အစီရင်ဝတ်ရုံကို အပါးလေးလုပ်ခိုင်းရမယ်။"လာမောင်ဝတ်ပေးမယ်"
"ဟုတ်"သူ့ဘေးကို လက်လေးဆန့်လို့ရောက်လာတဲ့ အလှလေး။
ဝတ်တောင်မဝတ်ပေးချင်တော့။
အကုန်ချွတ်ပြီးသာနမ်းလိုက်ရရင်တော့ ရေပူစမ်းမသွားလိုက်ရဘဲ အိပ်ရာထဲမှာတင်ပြီးသွားလောက်တယ်။ဝတ်ရုံလေးကို အစီစဉ်တကျလေးဝတ်ပေးလိုက်တော့ မောင့်အသက်က ရီပြနေပြန်တယ်။
ဖြူစင်လိုက်တာ မောင်မြတ်နိုးလိုက်တာ။လက်ဖမိုးလေးကို အသာဆွဲယူလို့ ခပ်ဖွဖွလေးနမ်းလိုက်တယ်။
"မောင်တို့သွားရအောင်"__________________
"ဝါးး အရမ်းနွေးတာပဲ"
"ကြိုက်လား ဒီနေရာလေးကို"
"အရမ်းကြိုက်တာပဲ၊ နန်းတော်ထဲကရေပူကန်ထက်ပိုပြီး နေလို့ကောင်းတယ်""ဟိုဟာက လူလုပ်ထားတာဆိုတော့ ဒီလိုသဘာဝရေပူစမ်းနဲ့ကျ ကွာသွားတာပေါ့"
"ဪ"
"မောင့်မိဖုရားလေးက သဘောကျတယ်ဆို မောင်မကြာခနလိုက်ပို့ပေးမယ်နော်""တကယ်"
မျက်လုံးလေးဝိုင်းစက်လို့ အရောင်တောက်နေတဲ့ မောင်ချစ်ရသူလေး။"တကယိပေါ့ အသက်ကလေးရယ်၊ မောင့်အသက်ဖြစ်ချင်တာအကုန်လုံးကို မောင်ကဖြည့်ဆည်းပေးမှာ"
ရင်ဘတ်ကြီးကို ခပ်ကြမ်းကြမ်းပုတ်ပြီးပြောနေတဲ့ စစ်သူကြီ။ ထယ်ယောင်းသွားတန်းလေးပေါ်တဲ့ထိ ရီမိတယ်။
အဖေနဲ့လုံးဝကွဲပြားလွန်းတဲ့ စစ်သူကြီး။
ဘဝမှာ ယောကျာ်းတွေကို ကြမ်းတမ်းပြီးရိုက်နှက်တတ်တဲ့လူလို့ပဲ စိတ်စွဲခဲ့တာ။
YOU ARE READING
Be Mine
Fanfictionကိုယ်ဟာစစ်ပွဲတိုက်မှာ အနိုင်ရခဲ့ပေမဲ့ မင်းမျက်ဝန်းဆီမှာတော့ ကျရှုံးခဲ့ရပြီ။ မင်းဟာ ကိုယ်ကိုးကွယ်ရတဲ့ အလှနတ်ဘုရားပါ ကင်။ ကြီးမြတ်လှတဲ့ အလှနတ်ဘုရားရေ ကျွန်တော်မျိုးကို တစ်ချက်လောက်ပြုံးပြလှည့်ပါ။