Be Mine Ep_3

3.2K 238 7
                                    

"အရှင်မိဖုရား ထချိန်ရောက်ပါပြီခင်ဗျာ"
"ဗျာ ဟင့်အင်း"
"လက်ထပ်ပွဲအတွက် ပြင်ဆင်ရပါမယ်ခင်ဗျာ"
"ဟင် ကျွန်တော်မိန်းမ မရသေးပါဘူး အထိန်းတော်ကြီးကလဲ"

အိပ်ချင်မူးတူးနဲ့ ထယ်ယောင်းက ခါတိုင်းလိုအထိန်းတော်ကြီး လာနှိုးတယ်ပဲထင်နေတယ်။
(ဒါနဲ့အထိန်းတော်ကြီးက ယောကျာ်းသံကြီးဖြစ်နေပါလား)

လန့်ပြီး မျက်လုံးဖွင့်ကြည့်လိုက်တော့ တစ်ဖက်ပဲပွင့်လာ။ ကျန်တစ်ဖက်က မျက်ချီးတွေကပ်နေတာမို့ပိတ်မြဲပိတ်လို့နေတယ်။

မျက်စိရှေ့မြင်နေရတာက ရတနာပစ္စည်းတွေအပြည့်နဲ့ အိပ်ခန်းတစ်ခု။ သူ့ကိုယ်သူငုံ့ကြည့်လိုက်တော့ သားမွှေးစောင်ကြီးခြုံလို့ထားတယ်။
(ဘုရားဒီလောက်နွေးတဲ့စောင် တစ်ခါမှမကိုင်ဖူးဘူး)

ခဏလောက် ကြောင်တောင်တောင်ဖြစ်နေပြီးမှ သူစီယံတိုင်းပြည်ရောက်နေတာ သတိဝင်တော့တယ်။
(ဪ ငါမနေ့ညကရေပူကန်ထဲမှာ ရေစိမ်ရင်းအိပ်ပျော်သွားတာပဲ)

သူ့ကုတင်ဘေးမှာ ခါးကျိုးမတတ် ဦးညွှတ်ထားတဲ့ အစေခံတွေမြောက်များစွာ။
လက်ထဲက ဗန်းပေါ်မှာလဲ လက်ဝတ်လက်စားများစွာ ကိုယ်စီသယ်ထားကြတယ်။

ဒီလိုကျတော့လဲ လက်ထပ်ရမယ်ဆိုတော့ ထယ်ယောင်းရန်ခုန်မိသလို။ ‌လက်ထပ်ရမယ့်လူက ယောကျာ်းလေးမှန်းသတိရပြန်တော့ ရင်မခုန်တော့ဘဲ ရန်တုန်လို့သွားမိတယ်။

(အရှင်ဘုရား ကျွန်‌တော်မိန်းမယူချင်ခဲ့တာပါဗျာ)

______________

ရေချိုးကန်ကိုရောက်တော့ ဆိတ်နို့အပြည့်ထည့်ထားတဲ့ ရေကန်။ 
ဘုရားရေ ညှီလိုက်တာ။

သိပ်မကြာ အစေခံမိန်းကလေးတစ်ယောက်က နှင်းဆီဖြူဖတ်တွေကို တောင်းလိုက်လောင်းချလိုက်ပြီး နှင်းဆီအဆီတွေကို ထည့်လိုက်တာမို့ တောတောမွှေးပျံ့သွားပြန်တယ်။

"မိဖုရားတင်မြှောက်ပွဲအတွက် နို့ရည်နဲ့သန့်စင်ရပါမယ်
ပြီးတော့ ဘုရင်နဲ့မိဖုရားတို့ရဲ့ ပထမညအတွက် နှင်းဆီလိုမွှေးနေရပါမယ်"

"ဟမ်"
(သေပါပြီ ပထမညတဲ့၊ လောကကြီးကရက်စက်လွန်းပါတယ်ဗျာ)

မျက်ရည်လေး လည်တဲလည်တဲနဲ့ထယ်ယောင်းကို ဂရုမစိုက်အားပဲ ခန္ဓာကိုယ်ကို ပွတ်တိုက်သန့်စင်နေတဲ့ အစေခံတွေ။
‌တအောင့်ကြာတော့မှ ကင်မိဖုရားကိုယ်ခန္ဓာသန့်စင်သွားပါပြီတဲ့။

Be MineWhere stories live. Discover now