Be Mine Ep_7

2.6K 190 2
                                    

"ဖြောင်း"
"ကိုယ့်အပြစ်ကိုယ် ဝန်ခံစမ်း"
"ကျွန်တော်မလုပ်ဘူး"
"ဖြောင်း"

ကျောကုန်းပေါ်ထပ်ကျလာတဲ့ ကြိမ်တံ။
အချက်ရေများလာတော့ သွေးစိမ်းတွေစီးကျ‌လာတယ်
နာလွန်းလို့မျက်ရည်တွေလဲ စီးကျနေတယ်။

အဖေက သူစိုက်ထားတဲ့ရွှေပန်းတွေ ပျောက်သွားတာမို့ ဒေါသတွေထွက်နေတယ်။
ဘယ်သူခိုးမှန်းမသိပေမဲ့ ထယ်ယောင်းကိုပဲမဲနေတာ။

"ကျွန်တော့မလုပ်ဘူး"
"တော်ပါတော့ သားလေးကိုမရိုက်ပါနဲ့တော့"

အမေက ငိုသံစွတ်လို့ဝင်တားပြန်တယ်။
"အေး မင်းလဲအပြစ်ခံရမယ် ဒီလိုကောင်ကိုမွေးထားတာ"
"ဖြောင်း"
"အမေ့ကိုမရိုက်ပါနဲ့၊ အီးးဟီးး"
"ကျက်သရေတုံးတဲ့ မိန်းမ"
"ဖြောင်း"
"တောင်းပန်ပါတယ် ကျွန်တော့ကိုပဲရိုက်ပါ အီးဟီးးး"

ရင်တွေနာလိုက်တာ ...အမေရယ် ကျွန်တော်မွေးဖွားခဲ့တာက အမှားတစ်ခုလား။ ကျွန်တော်က မမွေးခဲ့သင့်ဘူးလား။

(ကျွန်တော့်ရဲ့ ဖြစ်တည်မှုက မနှစ်မြို့စရာများလား)

တုန်ယင်နေတဲ့ အမေ့ရဲ့အဝတ်မှာလဲ သွေးစတွေစိမ့်ထွက်လာတယ်။

(မရိုက်ပါနဲ့ မရိုက်ပါနဲ့တော့ အီးးဟီးး...တောင်းပန်ပါတယ်)
(မရိုက်ပါနဲ့)
(မရိုက်ပါနဲ့)

"မရိုက်ပါနဲ့"
"မရိုကိပါနဲ့"
"ထယ်ယောင်းငယ် "
"ထယ်ယောင်း သတိရပါအုန်း"
"ဟင်"

ယောကျာ်းလေးတစ်ယောက်ရဲ့ ခေါ်သံ။ ထွေးဖက်ထားတဲ့လက်တွေကို ခံစားနေရတယ်။
ခပ်ဖြေးဖြေး မျက်လုံးဖွင့်လိုက်တော့ ဂျောင်ကု။
သူ့ကို စိုးရိမ်တကြီးကြညိ့နေတယ်။

အဲ့တာထက် သူ့ထက်နှစ်ဆလောက်ကြီးတဲ့ ခန္ဓာကိုယ်ကြီးနဲ့ ခပ်တင်းတင်းဖက်ထားတာမို့ အသက်ရှူကျပ်လာပြီ။

"ဖယ် ခင်ဗျား"
"မဖယ်ဘူး ၊မောင့်မိဖုရားက အိမ်မက်ဆိုးတွေမက်နေတာ မောင်နှစ်သိမ့်ပေးရမှာပေါ့"
"ဖယ်စမ်းပါ အ့"

အားယူပြီးတွနိးလိုက်တော့ ဆက်ခနဲ့နာကျငိသွားတဲ့အောက်ပိုင်း။
မနေ့ညက အကြောင်းတွေ အခုမှပြန်သတိရပြီးစိတ်တိုလို့လာတယ်။

Be MineWhere stories live. Discover now