"ဒါဘာလုပ်နေတာလဲ"
" ပန်းခူးနေတာလေ"
"အခုချက်ချင်းဆင်းခဲ့"
"ဟင့်အင်း"
"ဆင်းခဲ့လို့ အန္တာရယ်များတယ်"
"မဆင်းတတ်တော့ဘူး"သစ်ပင်ဂွကြားကို ဖက်တွယ်လို့ထားတဲ့ ထယ်ယောင်း။
ခမ်မာ ခေါင်းတွေခါယမ်းနေမိတယ်။ ဒါကြီးကစီယံမိဖုရားတဲ့လားကွာ။မိဖုရားဝတ်ရုံကြီးနဲ့ မျက်ရည်လေးလည်နေတာ တကယ်ကိုလှရက်လွန်းနေတယ်။ ခမ်မာရုတ်တရက်ငေးခနဲ့ဖြစ်သွားမိတယ်။
ဆက်ပြီးမကြည့်ရက်တော့တာမို့ ပါးစပ်ကနေ ဂါထာရွတ်ရင်း လေပေါ်ခုန်တတ်သွားလိုက်တယ်။
မျက်ရည်ခပ်ဝဲဝဲကြားကနေ သူ့ကိုတအံ့တဩကြည့်နေတဲ့ မိဖုရားငယ်။
လှရက်လွန်းတဲ့ခန္ဓာကိုယ်ကို အသာပွေ့ချီပြီး မြေပေါ်ကိုပြန်ဆင်းလာလိုက်တယ်။တခါထိကိုင်ဖူးရုံနဲ့ မလွှတ်ချင်လောက်အောင် နူးညံ့လွန်းတယ်။ မင်းကအလှနတ်ဘုရားများလား မိဖုရားငယ်ရယ်။
ကြောက်လန့်နေတဲ့မိဖုရားက မြေပေါ်ပြန်ရောက်နေတာတောင် သတိမရဘဲ သူ့လည်ပင်းကိုတအားဖက်လို့ထားတုန်း။
"အ အန္တာရယ်မရှိတော့ပါဘူး ကင်မိဖုရား"
"ဟင်"
အခုမှ မျက်လုံးဖွင့်ကြည့်တဲ့မိဖုရားငယ်။
သူမြေပေါ်ရောက်သွားမှန်းလဲသိရောချက်ချင်း ခုန်ဆင်းသွားတာ မျောက်ကလေးလားမှတ်ရတယ်။"ဟူးးတော်သေးတာပေါ့ ၊ဒါပေမဲ့"
ပြောရငိးနဲ့ ငိုမဲ့မဲ့ဖြစ်သွားတာမို့ ခမ်မာစိုးရိမ်သွားတယ်။"ဒါပေမဲ့ ဘာဖြစ်လို့လဲ ဘယ်နားနေလို့မကောင်းလို့လဲ"
"ဒါပေမဲ့ ကျွန်တော်ပန်းမရခဲ့ဘူး အီးးဟီးး"
"ဪ ကျွန်တော်မျိုးအခုပဲယူပေးပါ့မယ်"
"ဟင်"ပြောပြီးတာနဲ့ သစ်ပင်ထိပ်နားထိ ဖြည်းဖြည်းချင်းတတ်သွားတဲ့ ခမ်မာ။ ပန်းတွေခူးပြီးဆငိးလာတဲ့အထိ
ထယ်ယောင်းတအံ့တဩနဲ့ ကြည့်နေမိတယ်။"ကျွန်တော်မျိုးက သဘာဝ လေးခုတွေကို ထိန်းချုပ်လို့ရတဲ့
နတ်ဆရာပါ၊ တခုခုလိုချင်တဲ့အခါ ကျွန်တော်မျိုးကိုပဲခိုင်းပါ ကင်မိဖုရား"
YOU ARE READING
Be Mine
Fiksi Penggemarကိုယ်ဟာစစ်ပွဲတိုက်မှာ အနိုင်ရခဲ့ပေမဲ့ မင်းမျက်ဝန်းဆီမှာတော့ ကျရှုံးခဲ့ရပြီ။ မင်းဟာ ကိုယ်ကိုးကွယ်ရတဲ့ အလှနတ်ဘုရားပါ ကင်။ ကြီးမြတ်လှတဲ့ အလှနတ်ဘုရားရေ ကျွန်တော်မျိုးကို တစ်ချက်လောက်ပြုံးပြလှည့်ပါ။