ပြန်လည်မွေးဖွားခြင်း၏အစ(P-1)

558 44 2
                                    

"အရှင်..သိပ်ချစ်ရပါသောအရှင်..အဟက်..အရှင့်ကိုသာမချစ်မိခဲ့ရင်..ကျွန်တော်ပျော်ရမှာထင်တယ်အရှယ်ရယ်.."

တိုးညင်းလှသောစကားသံဆုံးသည်နှင့်လဲကျသွားသောခန္ဓာကိုယ်လေးတစ်ခု..။

မျက်ခုံးမထူမပါး..မျက်တောင်လေးများစင်းလျက်..နူးညံ့လှသောအသားအရည်..ပန်းနုရောင်သန်းနေသောနှုတ်ခမ်းပါး..ထိရက်စရာမရှိသောခန္ဓာကိုယ်အချိုးအစမှာလည်းပြေပြစ်စွာ..။
ထိုခန္ဓာကိုယ်လေး၏ဗိုက်မှာတော့သွေးအိုင်ဖြစ်ထွန်းနေလေပြီ..။

"တောင်းပန်ပါတယ်..မဟုတ်..မဟုတ်ဘူး..! ကိုယ်ဖြစ်စေချင်ခဲ့တာကဒီလိုမဟုတ်ပါဘူး..!!"

အတားအဆီးမဲ့သောမျက်ရည်များကျနေရင်းလဲကျသွားသည့်ခန္ဓာကိုယ်အားတင်းကျပ်စွာဖက်ထားသောသူတစ်ဦးလည်းရှိနေခဲ့ပါ၏..။

~~~~~~~~~~~~~~~~~~~~~~~~~~~
နံနက်ခင်းတစ်ခု၌ နာကျင်စွာနိုးထလာသည့်
'ကော´အမျိုးနွယ်ဝင်တစ်ယောက်..။ မျက်လုံးအားဖြေးညင်းစွာဖွင့်လိုက်သော် စူးခနဲဝင်ရောက်လာသည့်နေရောင်ခြည် ။

"သခင်လေး..သခင်လေး..!!" အဆောင်ရှေ့မှခေါ်သံတစ်ခုအားကြားလိုက်ရသည်နှင့် နားမလည်စွာမျက်မှောင်ကျုံ့မိသည် ။
ပတ်ဝန်းကျင်အားလေ့လာမိတော့သူ့နိုင်ငံ..၊သူ့အဆောင်..ဖြစ်နေလေသည်။

ပြန်လည်မွေးဖွားခြင်းများလား..။ အနည်းဆုံးတော့မိုးကောင်းကင်ကပြင်ဆင်ခွင့်ပေးလိုက်ပြီထင်ပါရဲ့..။

#.#.#.#.#.#.#.#:#:#:#.#.#.#.#.

😙

#.#.#.#.#.#.#.#.#.#.#.#.#.#.#.






~~~~~~~~~~~~~~~~~~~~~~~~~~~



#.#.#.#.#.#.#.#:#:#:#.#.#.#.#.

😙

#.#.#.#.#.#.#.#.#.#.#.#.#.#.#.

My Lord (အရှင်..)Where stories live. Discover now