မင်္ဂလာဦးအခန်းအဖြစ် 'ရင်းရွှယ်' ဆောင်၌
နီနီရဲရဲအဆင်တဆာများ သာမက ပုလဲကြိုးလေးများဖြင့်လည်းအဝင်ဝ၌တပ်ဆင်ထားသည်။ကျယ်ပြန့်လွန်းသည့် သလွန်တော်ပေါ်၌လည်း
အပြာရောင်ပန်းပွင့်လေးများပြန့်ကျဲလျက်ရှိနေသည်။(A/N- အပြာရောင်ပန်းပွင့်ရဲ့အဓိပ္ပါယ်မှာ ချစ်ခြင်း၊မျှော်လင့်ခြင်း ၊ တပ်မက်ခြင်း နဲ့ အဆုံးမဲ့ )
မျက်မှောင်အနည်းငယ်ကျုံ့ကာ ဟန်ဧကရာဇ်ကနှဘူးဟုသာသတ်မှတ်မိသည်။ ချစ်ခြင်းအဓိပ္ပါယ်ပန်းတွေရှိပါလျက်နဲ့ ဘယ့်နှယ် တပ်မက်ခြင်းအဓိပ္ပါယ်ပါတဲ့ပန်းတွေလာကျဲထားရသလဲ..။
ဖယောင်းတိုင်မီးလေးများကိုသူ့နေရာနှင့်သူ အလှဆင်ထားသည်။
လက်ဆက်ပွဲစီစဥ်နေတဲ့အချိန်အတွင်း တစ်ညနေတည်းနဲ့ ဒါတွေအကုန်စီစဥ်နိုင်တဲ့အရှင့်ကြောင့်ပြုံးမိပါသေးတယ်..။
ဝင်လာတဲ့အတွေးတစ်ခုက..
အရင်ဘဝက..ယွဲ့မင်းသမီးကိုရော..ဒါတွေ..လုပ်ပေးနေလို့..သူ့ဆီမလာနိုင်ခဲ့တာလား..~~~~~~~~~~~~~~~~~~~~~~~
တိုင်းတပါးမှ ဆက်သသည့် ပစ္စည်းများလက်ခံနေရင်း အရေးမပါသည့်ချီးကျူးစကားများနားထောင်ရသည်ကို ဟန်ဧကရာဇ်အလွန်ပင် စိတ်ညစ်တော်မူနေလေပြီ..။
မင်္ဂလာဦးအခန်းထဲ၌ စောင့်နေမည့် အကြင်သူ့မျက်နှာလေးကိုမြင်ချင်လှပြီ..။ ထို့ကြောင့်ဤအပေါ်ယံလက်ဆောင်များနှင့်ချီးကျူးစကားများသည် ရှန့်ငယ်လောက်အရေးမပါ..။
စကားကြောရှည်လွန်းတဲ့အမတ်အဘိုးကြီးတွေကလည်း သူတို့သမီးပျိူတွေနဲ့မိတ်ဆက်ပေးနေသေးသည်။
စကားအမြန်ဖြတ်ပြီး မင်္ဂလာဦးအခန်းထဲသို့လျှောက်သွားလိုက်သည်။
သလွန်တော်ပေါ်၌ ခေါင်းစောင်းလေးအားတပ်ဆင်ထားလျက်သာ မိမိအလာကိုထိုင်စောင့်နေသည့် အိမ်သူ၊အကြင်သူလေးအား မြင်လိုက်ရသည်နှင့်
စိတ်နှလုံးအေးချမ်းသွားတော့သည်။နီရဲရဲဇာပုဝါလေးကိုလှန်တင်လိုက်သည်။
လှပ၍နူးညံ့လွန်းသည့်မျက်နှာတော်လေးမှာအပစ်တင်စရာပင်မရှိအောင်ပြည့်စုံလွန်းလှသည်။
ဖယောင်းတိုင်မီးအရှိန်ဖြင့်ထင်ဟပ်နေသည့်မျက်နှာလေးမှာခပ်ရဲရဲ..။
YOU ARE READING
My Lord (အရှင်..)
Ficção Históricaအရှင့်ကိုမုန်းဖို့ကြိုးစားနေပြီမလို့.. ကျွန်တော့်ကိုနှောင့်ယှက်နေတာတွေတော်ပါတော့..!!