ပုံရိပ်တစ်ချို့(P-3)

392 55 4
                                    

မိုးအုံ့မှိုင်းနေသည့်ရာသီဥတုအားအကြောင်းမဲ့စွာငေးနေမိသည်။တဖြေးဖြေးနဲ့ပြန်လက်ခံအောင်ကြိုးစားခွင့်လေးတော့ရှိဦးမယ်မလား..မိုးကောင်းကင်ကမျက်နှာသာပေးလောက်ပါရဲ့..

မိုးကိုမြင်တော့ပြုံးမိတယ်..တစ်ချို့အမှတ်တရလေးတွေကြောင့်..

>>>Flashback<<<

"ဟွန်း! အရှင့်ကိုမခေါ်ပါဘူးနော်.."
"ကိုယ့်ကိုပြော..ရှန့်အာဘာအလိုမကျလို့လဲ"
"ပစ်ထားတယ်.."
"ကိုယ်..မပစ်ထားပါဘူး..အခုတစ်လောမိတ်ဖွဲ့နိုင်ငံတွေနဲ့ငြိမ်းချမ်းယူတာတွေ..ပြီးတော့နယ်စပ်ကိစ္စတွေကိုစစ်နေရလို့ပါ "
"သေချာလို့လား.."
မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့်မေးလာသည်မှာအသည်းယားဖွယ်အတိ..။
ဤမိဘုရားလေးမှာယောကျ်ားလေးဖြစ်ပါလျက်နဲ့လှရက်နိုင်လိုက်တာပါဘိ..။

>>>Flashback End<<<

"ကိုယ်ဒီလိုတွေလုပ်နေတာကို..
အထင်မလွဲပါနဲ့ရှန့်အာ.."တိုးတိတ်စွာရွတ်လိုက်မိသည်။ ဒီဘဝမှာတော့မင်းကိုထပ်ပြီးဘယ်သူမှဒုက္ခမပေးစေရပါဘူး..

မိုးအုံ့မှိုင်းပြီးမိုးဖွဲဖွဲလေးရွာနေတာကိုကိုယ်သိပ်သဘောကျတယ်..ကိုယ့်ရဲ့ရှန့်မိဘုရား​လေးနဲ့အမှတ်တရတွေရှိခဲ့ဖူးလို့ပေါ့..။

~~~~~~
"ရှန့်အာ..ရှန့်အာ.."

"ဗျာကျဲ..ကျွန်တော်ရှိပါတယ်"

"အင်း..အပြင်မှာမိုတွေရွာနေလို့..
အပြင်မထွက်ဖို့လာပြောတာ..ကျဲရဲ့ကလေးလေးကအပြင်ကိုထွက်ဆော့တတ်တယ်လေ"

ပြုံးစစလေးဖြင့်ဆိုလာရင်းစိတ်အေးသွားသည့်ပုံစံဖြင့်မိမိအားကြည့်နေသည့်ကျဲအားဂရုမစိုက်နိုင်..။
နားထဲ၌ ပဲ့တင်သံတွေထပ်ခါထပ်ခါကြားနေရသည်။
'မိုး..မိုး..မိုး..´

>>>Flashback<<<

"ဝမ်.."
"ပြောစေဗျာ မောင့်ကြင်ယာတော်လေး"

မိန်းကလေးငယ်တစ်ဦးနှင့်ဝမ်ရှင်ဘုရင်တို့မှာကြည်နူးလျက်ပတ်ဝန်းကျင်ကိုတောင်မေ့နေကြသည်ထင်ပါရဲ့
အဆောင်ပေါက်ဝမှာမျက်ရည်တွေအဆက်မပြတ်ကျနေတဲ့ရှန့်မင်းသားငယ်..တစ်နည်းအားဖြင့်..ရှန့်မိဘုရားလေးကိုမမြင်နိုင်ခဲ့ကြဘူး..။

My Lord (အရှင်..)Where stories live. Discover now