ဧကရာဇ်ရဲ့ပန်းလေး (P-13)

256 16 8
                                    

မနက်မိုးလင်းသည်နှင့် နေရောင်ခြည်ဖြာကျရမှာက ပုံမှန်သဘာဝပဲမဟုတ်ပါလား..။ သို့သော် ဤနေ့မှာတော့မိုးနတ်မင်းကဝမ်းနည်းနေသည်ထင်ပါရဲ့အုံ့မှိုင်းနေလေတယ်..။

" နိုးပြီလား..ခွေးပေါက်လေး.."

"ခွေးပေါက်လေး.." ဒီနာမည်လေးကအသည်းယားလို့ပေးခဲ့မိတဲ့နာမည်လေးပေါ့..ဒီဘုရင်ကိုတောင်ပြန်ပြန်ကိုက်တတ်တဲ့ကိုယ်တော့်ရဲ့ခွေးပေါက်လေး..

ဗိုက်ထဲကတော့..ကိုယ်တော့်ကိုယ်ပွားလေးရောက်လောက်ပြီလား..မရောက်လည်းအဆင်ပြေပါတယ်..နောက်ထပ်ညတွေရှိနေသေးတာပဲ..နေ့ဖြစ်ရင်တောင်အဆင်ပြေတယ်။

တွေးပြီးနှုတ်ခမ်းတစ်ဖက်တွန့်ပြုံးမိရုံသာရှိပါသေးတယ်..။ ဧကရီလေးကရင်ခွင်ထဲမှရုန်းထွက်ပြီး ကိုယ်တိုင်ထထိုင်တယ်..။

"ကျွန်တော်နိုးပါပြီ " တဲ့..။

အရင်ဘဝကဆိုးနွဲ့တတ်တဲ့ကလေးလေးကိုသိပ်လွမ်းပါရဲ့..။ဒီဘဝမှာပြန်ပေးဆပ်ပါရစေ..။

" ကိုယ်တော်နဲ့အတူမနက်စာစားကြရအောင်.."

" ကောင်းပါပြီ ကျွန်တော်ကိုယ်၊လက်သန့်စင်လိုက်ပါဦးမယ်.. "

" ကိုယ်တော်အဆင်သင့်ပြင်ပြီးစောင့်နေမယ်.. "

ကုတင်ပေါ်ကဆင်းပြီးလက်ယှက်အရိုအသေပြုတဲ့အပြုအမူကအသားမကျစွာစိမ်းကားလွန်းတယ်..။

စကားတွေထပ်နေလည်းဒီစကားကိုသုံးပါရစေ..။

ကိုယ်တော့်ကိုထပ်ပြီးယုံကြည်ပေးပါ..သက်သေပြပေးမှာမလို့..။

မိုးအေးနေသည့်ရာသီဥတုကြောင့်လား..အတိတ်ကိုလွမ်းဆွတ်မိသည် ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

တစ်ခါလက်ထပ်ထားပြီးသားဖြစ်တာကြောင့် ထပ်၍အတိအကျအချိန်ဖြင့်မယ်တော်၊ဘွားတော်တို့အား ဂါဝရပြုရန်မလိုအပ်ပေ..။

သွားနှုတ်ဆက်ရန်သာလိုသည်..မနက်စာသုံးဆောင်ပြီးမှအတူသွားမည်ဟူ၍စဥ်းစားထားသည်..။

'အတူ´ ဆိုတဲ့စကားလေးကြောင့်လား..
ဘုရင်တစ်ပါးရဲ့နှုတ်ခမ်းပါးမှာ ပြုံးယောင်သန်းသည်တဲ့..။

You've reached the end of published parts.

⏰ Last updated: Jul 04, 2022 ⏰

Add this story to your Library to get notified about new parts!

My Lord (အရှင်..)Where stories live. Discover now