မှောင်မိုက်နေတဲ့ကောင်းကင်ယံကပဲစိတ်ကိုခြောက်ခြားစေတာလား..ခြောက်ခြားနေတဲ့စိတ်ကပဲအမှောင်ကောင်းကင်ကိုအမှီပြုချင်နေသည်လားမသဲကွဲ..။
မနက်ကိုဖြစ်နိုင်လျှင်သူမရောက်ချင်..။
အတိတ်ဘဝ၏ရက်စက်လှပါသောအရှင်နဲ့မလိုက်ချင်ပေ။အရင်ဘဝကပေးဆပ်တာတွေမလုံလောက်သေးလို့များအခုလိုပြန်ရှင်သန်တဲ့အထိနှောင့်ယှက်နေသေးတာများလား..။မုန်းပါ၏..ထိုအရှင်ကိုမုန်းပါ၏ ဟုကြွေးကြော်ချင်ပါသည်။ သို့သော်လည်းပြောမထွက်ပြန်..။ရယ်မောနေတဲ့အရှင့်မျက်နှာ..နူးညံ့စွာဂရုစိုက်ပေးတဲ့အရှင်..အသေးစိတ်ကအစဂရုစိုက်ပေးတဲ့အရှင်..နေ့တိုင်းမပွေ့ဖက်ရပဲမနေနိုင်အောင်ချစ်တတ်ခဲ့ပါသောအရှင့်ကိုအရမ်းတမ်းတမိသည်..။ဝန်မခံချင်ပါသော်လည်းအခုထိပင်တမ်းတနေမိဆဲ..။
ကျွန်တော်မိဘုရားအရာရောက်လို့နန်းသွေးလေးလွယ်ထားရပြီဆိုတော့သိပ်ပျော်နေတဲ့အရှင့်ကိုကြည့်ပြီးဒီကလေးငယ်ကိုရအောင်မွေးဖို့ဆုံးဖြတ်လိုက်တယ်..ကျွန်တော့်အသက်သေမယ်ဆိုရင်တောင်ပေါ့။
ပြောင်းလဲသွားတဲ့အရှင်ကယွဲ့မင်းသမီးကိုကြင်ယာတော်မြှောက်တဲ့နေ့တည်းကအစပြုကာစိမ်းကားခဲ့တယ်။ "သိပ်ကိုလွမ်းတယ်အရှင်ရယ်"လို့ပြောမိလောက်အောင်ကိုအရှင်ကပစ်ထားခဲ့တာ..။ အရှင်ဘာတွေများလုပ်နေလဲဆိုပြီးစုံစမ်းလေမိတော့ယွဲ့မင်းသမီးရဲ့အိပ်ဆောင်တော်မှာပဲနေ့နေ့၊ညညကုန်ဆုံးနေတယ်တဲ့လား..။နာကျင်ရတာပြောမထွက်နိုင်အောင်ပဲ။
"အရှင်ကပစ်ထားတယ်နော်"လို့စိတ်ကောက်မိတိုင်းတိုင်းပြည်ရေးရာကိုအကြောင်းပြလို့လိမ်ညာပြန်တယ်..။သိရက်နဲ့အလိမ်ခံရတဲ့ခံစားချက်ကဘယ်လောက်ထိပြင်းပြင်းထန်ထန်နာကျင်ရတယ်ဆိုတာအရှင်မသိလေသလား..။
ထိုနေ့ကအရှင်နဲ့ကျွန်တော်ရဲ့လက်ထပ်ခြင်းအထိမ်းအမှတ်နေ့..။အရှင့်ကိုစောင့်မျှော်နေခဲ့သေးတာ..တုံးအလွန်းတဲ့ကျွန်တော်က..။အရှင်ရောက်လာခဲ့ပါသေးတယ်..တစ်ခဏ..။ စကားပြောရုံလောက်သာအသိအမှတ်ပြုရုံလောက်စကားပြောပြီးချန်ထားခဲ့ပြန်တဲ့အရှင်..။ထိုနေ့ကအရှင့်စကားတစ်ခွန်းကကျွန်တော့်နှလုံးသားကိုအနိုင်ယူထိုးလှဲနိုင်ခဲ့တယ်။ "မေ့ နေ လို့" တဲ့..။
အဲ့ဒီညကကျွန်တော်ဘယ်လောက်ငိုလိုက်ရလဲအရှင်မသိခဲ့ဘူး..။

YOU ARE READING
My Lord (အရှင်..)
Historical Fictionအရှင့်ကိုမုန်းဖို့ကြိုးစားနေပြီမလို့.. ကျွန်တော့်ကိုနှောင့်ယှက်နေတာတွေတော်ပါတော့..!!