'ရင်းရွှယ်´ဟူသည့်အဆောင်လေးထဲ၌ကြင်ယာတော်ရှန့်မှာငူငိုင်စွာ..။
ရုတ်တရက်ဘာလို့ဒီဘဝမှာကာကွယ်မယ်လို့ဘာလို့ပြောတာလဲ..? အရှင်ကရောပြန်မွေးဖွားလာတာလား..?
အခြားနည်းနဲ့အပစ်ဒဏ်..?
ဟင့်အင်း..ကျွန်တော်အရှင့်ကို အရင်ဘဝကျွန်တော်မသေခင်မှာပြောခဲ့သလို..
' ကျွန်တော့်ကိုချစ်တဲ့စိတ်ကြောင့်..ကျွန်တော်နာကျင်ခဲ့ရသလို အရှင်လည်းနာကျင်ရပါစေ´လို့ပင်။
ကျွန်တော်ဘယ်လောက်ခံစားခဲ့ရတယ်ဆိုတာတွေကိုသိစေချင်ရုံပါ..
ကျွန်တော့်သွေးသားကိုဆုံးရှုံးခဲ့ရတဲ့စိတ်ကြောင့်ကျိန်စာတိုက်မိရင်ကျွန်တော်မမှားဘူး..
သိပ်ချစ်ခဲ့လို့..သိပ်မုန်းမိတယ်အရှင်..
အကယ်၍ အရှင်လည်း သူ့လို ပြန်လည်မွေးဖွားလာတာဆိုရင်..အခုဘဝမှာ ဘာထပ်ဖြစ်ချင်နေသေးတာလဲ..? အချိန်တစ်ခုရောက်ရင်ရှင်းပြမယ်..? ကိုယ်ဝန်ပျက်ကျတာတောင်..ကျွန်တော်သေတာတောင်..အရှင်ကဘေးမှာရှိပေးခဲ့လို့လား..။
ဒီဘဝမှာတော့အရှင့်စကားတွေကိုကျွန်တော်မယုံဘူး။
~~~~~~~~~~~~~~~~
"မင်းကြီး.."
ကြာကန်အားငေးကြည့်ရင်း ဝဲတက်လာသည့်မျက်ရည်ကို ခေါ်သံတစ်ခုကြောင့်အသဲအသန်ခါထုတ်ပစ်လိုက်သည်။
"ရတယ် ဘယ်သူမှမရှိဘူးညီတော်"
"အကိုတော် ကျွန်တော်ပြောစရာလေးရှိလို့.."
"ပြောပါဦး..ဘာများလဲ.."
"ယွဲ့နိုင်ငံဘက်ကမိတ်ဆွေအဖြစ်ကမ်းလှမ်းချင်နေတယ်.."
"ယွဲ့..နိုင်..ငံ..?" သံယောင်လိုက်ဆိုမိသည်။ စောလွန်းသည်မထင်ဘူးလား..? အရင်ဘဝကရှန့်ငယ်ကိုယ်ဝန်ရပြီးမှလေ..။
ကိုယ်တော်ကပဲရှန့်ငယ်ကိုမြန်မြန်ရအောင်အကြိမ်ကြိမ်အိပ်ဆောင်တော်မဝင်ရသေးလို့များလား..။
အဲ့လိုလည်းမဟုတ်ပြန်ပါဘူး..မနေ့ကမှကြင်ယာတော်မြှောက်ထားတာမလား..ဘယ်လိုကိုယ်ဝန်ကရဦးမှာလဲ..။

YOU ARE READING
My Lord (အရှင်..)
Ficción históricaအရှင့်ကိုမုန်းဖို့ကြိုးစားနေပြီမလို့.. ကျွန်တော့်ကိုနှောင့်ယှက်နေတာတွေတော်ပါတော့..!!