နေရောင်ခြည်နုနုလေးက 'ရင်းရွှယ်´ လို့အမည်ရသည့်ရှန့်ကြင်ယာတော်ရဲ့အဆောင်အတွင်းဖြာကျလျက်ရှိသည်။
နှင်းပွင့်လွှာအသားအရေနှင့်နီရဲရဲဖူးယောင်နေသည့်နှုတ်ခမ်းလွှာလေးများမှာလိုက်ဖက်စွာ..။ပိတ်ထားသောမျက်လုံးများမှာလည်းမို့မို့အစ်အစ်နှင့်မည်မျှငိုထားကြောင်းပြသ,နေသော်လည်းချစ်ဖို့ကောင်းစွာတည်ရှိနေပြန်သည်။
မကြာမီပင်ပွင့်လာသောမျက်ခွံလေးများကြောင့်အကြင်သူနိုးထလာပြီကိုသိလိုက်ချေသည်။'အင်း..´ငြီးငြူသံတစ်ချို့အပြီး၌မျက်လုံးပြန်မှိတ်ကျသွားသောရင်ခွင်ထဲမှအကြင်သူကိုကြည့်ရင်းသဘောကျစွာရယ်မိသည်။ အရင်ဘဝတုန်းကလည်းကလေးဆန်သလောက်..ယခုဘဝမှာလည်းကလေးလေးအတိုင်းရှိနေပြန်သည်။
"ကလေး..ကိုယ့်ရဲ့ကလေးလေး..မနိုးသေးဘူးလား.."
ကလေး..ကလေးတဲ့..ကလေးဆိုတဲ့နာမ်စားလေးကိုအရင်ဘဝတုန်းကလည်းခေါ်ဖူးသည်။ကလေးလေးဆိုပြီးခေါ်ခဲ့ဖူးသည်။အကြောင်းပြချက်က'ကလေး´ဆန်ပြီးကလေးလေးလိုချစ်ဖို့ကောင်းလို့..။
တွေးရင်းအသာပြုံးမိသည်..ကိုယ်တော့်အပိုင်ကလေးလေး..။သို့သော်ရင်ခွင်ထဲကကြင်ယာတော်၏မျက်ရည်စ'ကိုတော့မမြင်ခဲ့ပါချေ။
>>>Flashback<<<
"အရှင်~.."
"အင်း ကလေး"
"ဟွန့်..ကလေးတဲ့"
"ကလေးလေးလိုချစ်ဖို့ကောင်းလို့လေ..
ကိုယ့်မျက်စိထဲမှာတော့ကိုယ့်ကြင်နာသူလေးကိုကလေးလို့ပဲမြင်တယ်"
"ဟိဟိ..သေချာပေါက်အရှင့်ရဲ့ကလေးလေးလုပ်မှာ">>>>>>>>>>>>>>
ပွဲတော်ရက်တစ်ရက်မှာကြားလိုက်ရသည့်
စကားတစ်ခွန်း.."ကလေးကျနေတာပဲကွာ.."
'ဂျိန်း´ခနဲ,ဟူ၍မိုးကြိုးပစ်ချလိုက်သလိုပင်..။အဟားဟား..ကလေးတဲ့လား..ကျွန်တော်မဟုတ်ပဲ..အခြားတစ်ယောက်ကိုလေ..။ ကျွန်တော်အရှင့်ကိုပေးထားတဲ့'ဝမ်´လို့ခေါ်တဲ့အတိုင်းသူကအရှင့်ကို'ဝမ်´လို့ခေါ်တယ်။ အရှင်ကကျွန်တော့်ကို'ကလေး´လို့နာမ်စားပေးတဲ့အတိုင်း..အခြားတစ်ယောက်ကိုလည်းအဲ့လိုပဲပေးထားတယ်တဲ့..။
မုန်း..ချင်..တယ်..အရှင်ရယ်..ကျွန်တော်အရှင့်ကိုပိုင်ဆိုင်ခွင့်မရတော့ဘူးလား..။
အရှင်နဲ့ပါတ်သတ်ပြီးမူပိုင်ဆိုလို့ပြောစရာတောင်ချန်မထားပေးချင်တော့ဘူးလား..
YOU ARE READING
My Lord (အရှင်..)
Historical Fictionအရှင့်ကိုမုန်းဖို့ကြိုးစားနေပြီမလို့.. ကျွန်တော့်ကိုနှောင့်ယှက်နေတာတွေတော်ပါတော့..!!