>>> Flashback <<<
အရှင့်ကိုယ်ပွားလေးကိုလွယ်ထားသည့်အချိန် အရှင်ကလည်းသိပ်ကိုပျော်နေခဲ့တယ်..။ ကြင်ယာတော်အဆင့်ကနေ မိဘုရားမြှောက်ဖို့အမတ်တွေနဲ့အတိုက်အခံလုပ်တယ် ။ကျွန်တော်ကလည်းသိပ်ကိုပျော်ခဲ့တယ် ။ ကျွန်တော်ချစ်တဲ့အရှင့်ကိုယ်ပွာလေးကိုလွယ်ပေးထားနိုင်ခဲ့လို့လေ..။ 'ကော´ ဖြစ်တာကိုပင်အရမ်းဂုဏ်ယူမိတယ် ။ အရှင့်အပါးခ'စားရလို့..။
မကြာသေးခင်မှာပဲ..အရှင်ကသတင်းတစ်ခုပြောပြတယ်..။ မင်းသမီးတစ်ပါးကိုမိဘုရားမြှောက်ရမယ်တဲ့..။ ကျွန်တော်ကအရှင့်ကိုယုံတယ်..ဘာမှမတားစီးခဲ့ဘူး..။ ဒါပေမယ့်အဲ့တာကနောင်တတစ်ခုဖြစ်လာရတယ်။
လက်ဆက်ပွဲကိုအတူလုပ်ခဲ့တယ်အရှင်က..။
ကိုယ်ဝန်ရှိတာတောင်အရှင့်အတွက်ညပေါင်းများစွာမအိပ်ပဲအသေးစိတ်ပင်ဝတ်ရုံချုပ်ပေးနေခဲ့တယ်..။ဝတ်ရုံကပြောင်လက်တောက်ပနေပြီးအရှိန်အဝါတွေပင်ပါနေသလိုမျိုးခန့်ညားထည်ဝါအောင်အသေးစိတ်ပြုလုပ်ပေးမိတယ်..။ အရှင့်ကိုထိုဝတ်ရုံလေးသွားမေးမိတယ်..လက်ဆက်ပွဲ1ရက်အလိုမှာပေါ့..။
အရှင်ပြန်ပြောတဲ့သည်က.."ရှန့်ငယ်ပေးတာကိုမြတ်နိုးလို့လက်ခံပါသည်" တဲ့..
လက်ကသွေးစို့နေတဲ့အပ်ပေါက်ရာတွေအတွက်တန်ပါတယ်..အရှင်ကမြတ်နိုးသည်မဟုတ်ပါလား..?လောကမှာအထင်နဲ့အမြင်ကဘယ်တော့မှထပ်တူညီမှုမရှိဘူးဆိုတာကိုကျွန်တော်လက်ဆက်ပွဲနေ့ကယုံခဲ့မိသည်..။
ဆင်တူဝတ်ရုံများဝတ်ထားသည့် ထိုမိဘုရားယွဲ့ရှင်းရန် နှင့်အရှင်..။ သူကတော့အပိုလူတစ်ယောက်လိုပင်..။ လက်ဆက်ပွဲတစ်လျှောက်လုံးလည်းအရှင်ကတစ်ချက်တောင်ငဲ့မကြည့်..။
ကျွန်တော်ပေးတဲ့ဝတ်ရုံလေးကိုတော့အရှင်မဝတ်ဆင်ခဲ့..။ လက်ကသွေးစို့နေသည့်ဒဏ်များတောင်မပျောက်သေး..။
ကိုယ်ဝန်စိတ်ကြောင့်လားမသိ..ရင်ထဲ၌စို့တက်လာပြီးအသက်ရှူကျပ်နေသလိုပင်..။ လက်ဆက်ခေါင်းဆောင်းအနီပုဝါလေးကိုသာအကွယ်ယူပြီးမျက်ရည်တွေကိုဖုံးကွယ်ထားမိသည်။
YOU ARE READING
My Lord (အရှင်..)
Historical Fictionအရှင့်ကိုမုန်းဖို့ကြိုးစားနေပြီမလို့.. ကျွန်တော့်ကိုနှောင့်ယှက်နေတာတွေတော်ပါတော့..!!