လက်ထက်ဝတ်ရုံပြင်ဆင်မှု(P-9)

250 27 24
                                    

နှုတ်ခမ်းစိုးဆေး ခပ်ရဲရဲတင်ထားသည့် မိန်းမပျိုတစ်ဦးမှာရုပ်ရည်လှပသလောက် မျက်နှာထားမှာတော့အကျည်းတန်စွာ..။

တစ်လက်လက်တောက်ပနေသည့် ကျောက်မျက်ရတနာများကို ဝတ်ဆင်ထားသည်ကိုကြည့်လျှင် လက်ဝတ်လက်စားတို့အားသဘောကျသည့်မိန်းမပျိုဟူ၍သိနိုင်ပေသည်။

အဆိပ်ပညာတွင်'သခင်မ´ အလှအပ၌'ဘုရင်မ´ ဟူသည့်ဂုဏ်ပုဒ်ကိုပင် ရရှိထားသော ထိုမိန်းမပျိုသည်
ယွဲ့တိုင်းပြည်၌ အလေးပေးခံထားရသည့် ယွဲ့မင်းသမီး ယွဲ့ရှင်းရန် ပင်..။

နှုတ်ခမ်းအားသွေးမထွက်ရုံတမယ် ခပ်တင်တင်းကိုက်ထားရင်း စူးရဲစွာဒေါသအလျင်ထွက်နေသည့်ယွဲ့မင်းသမီးမှာ ဒေါသမီးလောင်မြိုက်နေမှန်းသိသာ၏..။

ခြေတော်ရင်းမှာတော့ ဝပ်နေအောင်ခစားနေရသည့် အထိန်းတော်နှင့်အစေခံနှစ်ယောက်..။
ထို့အပြင် စာလွှာတစ်လိပ်ပါရှိနေသေးသည်..။

ထိုစာလွှာအတွင်း၌ စာသားမှာ..

" မဟာမိတ် ဖြစ်စေရန် ဆက်သခြင်းခံရသော ယွဲ့မင်းသမီးအား 3ရက်အတွင်း ကိုယ်လုပ်တော်အဖြစ်တော်ကောက်မည်.. " ဟူ၍ပင်...။

​ထိုစာသားမှာသူ့အားစော်ကားနေသည်မဟုတ်ပါလား..။ အနည်းဆုံး"မိဘုရား"နေရာလောက်တော့မှန်းထားမိတာ..အခုကြင်ယာတော်အဆင့်တောင်ထိုဘုရင်ကမပေး..။

သို့သော်..လက်မခံ၍လည်းမရပေ။ စစ်ဘုရင်ဟူသည့်အတိုင်း အခပ်မသင့်လျှင်စစ်ဖြစ်သွားနိုင်ပေမည်..။
ဒါပေမယ့်ယွဲ့မင်းသမီးမှာစိတ်ပူပန်ခြင်းမရှိ..။ အဆိပ်အပြင်..အောက်လမ်းနည်းပါသူကတတ်ထားသည်မဟုတ်ပါလား..။
အနှေးနဲ့အမြန် ထိုဟန်ဧကရာဇ်မှာ သူ့ဆီခစားလာစေရမည်..။

ထို့ကြောင့်..ဒီ3ရက်အတွင်း ပြင်ဆင်စရာရှိသည်များအားပြင်ဆင်ရပေတော့မည်..။

~~~~~~~~~~~~~~~~~~~~~~~

ပြတင်းပေါက်အားဖွင့်ထားသည့် 'ရင်းရွှယ်´ ဆောင်အတွင်း ပုံရိပ်လေးနှစ်ခု..။
ထုံးစံအတိုင်း..ထိုအရိပ်လေးနှစ်ခုမှာ ရှန့် ကြင်ယာတော် နှင့် ဟန်ဧကရာဇ်ပင်..။

" ရှန့်ငယ် .. "

"ရှိကြောင်းပါ .. "

" ကိုယ်တော့် အပေါ် မစိမ်းကားပါနဲ့.."

My Lord (အရှင်..)Where stories live. Discover now