မင်္ဂလာလက်ဆက်ပွဲခမ်းမ၌ နီရဲရဲအဆင်တဆာများက ဝန်းရံထားလျက်ရှိသည်။ ပုံမှန်လက်ဆက်ပွဲတွေလိုမဟုတ်ပဲ ဒီတစ်ခါ၌ ဖိတ်ဖိတ်တောက်ပလျက်ရှိသော အဆင်တဆာများဖြင့် ဆင်ထားသည်မှာ တန်ဖိုးမည်မျှထားကြောင်းကိုဖော်ပြလျက်ရှိသည်..။
မူးမတ်တို့လည်းအဆင်သင့်ပင်ရောက်ရှိ၍ နေရာယူထားကြသည်..။
~~~~~~~~~~~~~~~~~
ကိုယ်လုပ်တော်အဆောင်၌..
" ကိုယ်လုပ်တော်ယွဲ့..ကိုယ်လုပ်တော်ယွဲ့..."
အသံကြားသဖြင့်နှုတ်ခမ်းကိုသာအငြိုးထားနေသယောင်ခပ်တင်းတင်းစေ့ထားမိသည်။
ကိုယ်လုပ်တော်..တဲ့လား..။
ဧကရီနေရာကိုသူရ ရမှာ..!"အဟမ်း..အင်း..ပြော"
"ခမ်းမကအဆင်သင့်ဖြစ်နေပြီ..အရမ်းလှတာပဲသိလား..ကြည့်ရတာအရှင်ကကျွန်မတို့ရဲ့အလှဘုရင်မလေးကိုတန်ဖိုးထားကြောင်းပြတာထင်ပါရဲ့..ဟိဟိ"
"အို..မဖြစ်နိုင်တာ.."
ရှက်သွေးဖြာဟန်လေးဖြင့်သာပြန်တုံ့ပြန်မိသည်။ အရှင့်ကိုသူမဘက်ပါအောင်ဆွဲဆောင်မည်။
အများအမြင်မှာသူမဟာ ဖြူစင်ပြီးလှပတဲ့ဘုရင်မလေးအဖြစ် မြင်တွေ့စေရမည်။
အလှဆုံးပြင်ဆင်ပေးခြင်းခံကာ ကြေးမုံထဲ၌ကိုယ့်ရုပ်ကိုယ်ကြည့်၍ကျေနပ်နေမိသည်။
မနက်မိုးမလင်းခင်တည်းက ရေအကြိမ်ကြိမ်ချိုး အများကြီးပြင်ဆင်ခဲ့သည်။အခုကစပြီး..ကျွန်မ ဆွဲဆောင်တော့မယ်..
အရှင်ကသာခံနိုင်ရည်ရှိအောင်ပြင်ထားပါ~~~~~~~~~~~~~~~~~~
'ရင်းရွှယ်´ အဆောင်၌..
"ရှန့်အာလေးကလှနေလိုက်တာကွယ်.."
မိမိ၏ဦးခေါင်းထက်၌ငွေရောင်တလက်လက်တောက်ပနေသည့်ဆံထိုးလေးအားပန်ဆင်ပေးရင်းခပ်တိုးတိုးရေရွတ်ကာချီးကျူးနေသောကြောင့်နေရခက်မိပြန်ပါသည်..။
"ကျဲရယ်..အဲ့လောက်မဟုတ်ပါဘူး.."
မျက်နှာ၏ မည်သည့်မျက်နှာချေမှုန့်မှလိမ်းဆင်ခြင်းမရှိပဲ..နှုတ်ခမ်းကိုသာဆေးအနည်းငယ်တင်၍ပြင်ဆင်ထားခြင်းပင်..။
YOU ARE READING
My Lord (အရှင်..)
أدب تاريخيအရှင့်ကိုမုန်းဖို့ကြိုးစားနေပြီမလို့.. ကျွန်တော့်ကိုနှောင့်ယှက်နေတာတွေတော်ပါတော့..!!