နေရောင်ခြည်လင်းပြန့်လာသည့်မနက်ခင်း၏စောစီးသောသာယာစွာတည်ရှိနေသည့်အလှတရားရောက်ရှိလို့လာပြီ..။
ဝေဝါးစွာမြင်နေရသည့်ကြေးမုံထဲမှကိုယ့်ကိုယ်ကိုကြည့်နေမိသည်။နီရဲနေသည့်မင်္ဂလာဝတ်စုံအားဆင်မြန်းထားရင်းမျက်နှာပေါ်၌မျက်နှာချေမှုန့်အနည်းငယ်လူးထားသောပုံသဏ္ဍာန်မှာစိတ်ပျက်ဖို့ကောင်းချင်သယောင်..။
"ရှန့်မင်းသား..အဆင်ပြေရဲ့လား"
"ရေစွတ်ထားတဲ့အဝတ်စတစ်ထည်ယူလာခဲ့"
"ကောင်းပါပြီ.."
တစ်ခဏအကြာမှာပဲရောက်ရှိလာသည့်ထိုရေစိုအဝတ်စနဲ့မျက်နှာကိုပြန်သန့်စင်လိုက်သည်။
"ရှန့်မင်းသား..သွားရမယ့်အချိန်ကနီးကပ်နေပါပြီ
ပြန်ပြင်ဆင်ဖို့မမှီပဲဖြစ်ပါလိမ့်မယ်""မလိုဘူး..! "
ခေါင်းပေါ်ကအဆောင်အယောင်တွေကိုဖယ်ပစ်လို့အသုံးပြုနေကြဖြစ်တဲ့ငွေရောင်ဆံထိုးတစ်ချောင်းကိုသာတပ်ဆင်ပြီးအပေါ်မှ ဓလေ့ထုံးတမ်းအစဉ်အလာအတိုင်းအနီရောင်ပါဝါစကိုအုပ်လိုက်တယ်။
"ရပြီ..ဒါနဲ့..မင်းသားဟန်ရွှယ်ဝမ်ကရော?"
မေးလိုက်မိပြီးမှနာကျင်စွာပြုံးလိုက်မိသည်။
ဘယ်လောက်ပဲနာကျင်ခဲ့နာကျင်ခဲ့အမှတ်မရှိတဲ့နှလုံးသားကသူ့သခင်ကိုတမ်းတနေတုန်းပဲ။"ဟန်မင်းသား(1)ကဟန်တိုင်းပြည်ဆီမနေ့တည်းကပြန်သွားပါပြီ..ပြင်ဆင်စရာတွေရှိလို့ဆိုပြီးပြောသွားပါတယ်"
"ကောင်းပြီ..အခုကသွားရတော့မှာလား?"
"ဟုတ်ပါတယ်..လှည်းယာဥ်ဘေးမှာအကုန်လုံးရောက်ရှိနေကြပါပြီ"
စကားဆုံးသည်နှင့်လှည်းယာဥ်ရှိသည့်နေရာသို့ဦးတည်မိသည်။ ခြေလှမ်းတွေမြန်ဆန်ခြင်းမရှိသလို နှေးကွေးခြင်းလည်းမရှိပေ။ဇာပါဝါနီရဲရဲအောက်ကခံစားချက်မဲ့ကင်းသောမျက်နှာက အရင်ဘဝရဲ့ပြုံးရွှင်နေသောမျက်နှာ၏ဆန့်ကျင်ဖက်ပုံသဏ္ဍာန်အသွင်ယူဆောင်လို့ထားသည်။
"ရှန့်အာ..ဟိုရောက်ရင်အလိုက်တသိနေနော်..
ခမည်းတော်တို့လည်းလာလည်မယ်..
ရှန့်အာရဲ့မဂ်လာပွဲကိုအလောတကြီးဖြစ်သွားတော့မလာနိုင်တာစိတ်မကွက်ပါနဲ့သားငယ်..
နိုင်ငံရေးတွေလွှဲပြီးအမြန်ဆုံးလိုက်လာခဲ့မယ်"
YOU ARE READING
My Lord (အရှင်..)
Historical Fictionအရှင့်ကိုမုန်းဖို့ကြိုးစားနေပြီမလို့.. ကျွန်တော့်ကိုနှောင့်ယှက်နေတာတွေတော်ပါတော့..!!