zes (6)

778 86 10
                                    

#Unicode

အချိန်တွေ တဖြည်းဖြည်းရွေ့လျားလာသည်နှင့်အမျှ မကြာမီ ညနေစောင်းတော့မည်ဖြစ်၍ ဆောင်းလေပြေအေးများက တစ်စနှင့်တစ်စ တိုက်ခတ်လို့လာသည်။

အခု ထယ်ယောင်းဦးဆောင်၍ သူတို့ဦးတည်နေတဲ့နေရာကတော့ canal cruise စီးရန်အတွက် လှေဆိပ်တစ်ခုကိုပင်။ နေရာက သိပ်မဝေးတာမို့ လမ်းလျှောက်၍သာ သွားဖို့ ဆုံးဖြတ်လိုက်ကြသည်။

ဂျောင်ကုနဲ့အတူ ယှဉ်လျက် လျှောက်နေရင်း ထယ်ယောင်း ဝတ်ထားသောဆွယ်တာမှ အနွေးဓာတ်ပေးသော်လည်း အအေးဒဏ်က လက်ဖျားများကို ရိုက်ခတ်လာတာကြောင့် အနွေးဓာတ်ရစေရန် အေးစက်နေသော လက်ဖျားများကို အချင်းချင်း ပွတ်သက်လိုက်၊ အာငွေ့ပေးလိုက်နှင့် ထယ်ယောင်းတစ်ယောက် အလုပ်ရှုပ်နေလေသည်။ ထိုအချင်းအရာကို မြင်တဲ့ဂျောင်ကုက ချက်ချင်းပင် ထယ်ယောင်းလက်လေးကိုဆွဲယူပြီး လက်ဖျားလေးတွေကို ဆုပ်ကိုင်ကာ သူ့လက်နှင့်အတူ တွဲလျက် ဝတ်ထားသော long coat ရဲ့ အိတ်ကပ်ထဲ ထည့်လိုက်လေသည်။

အေးအေးလူလူသာ လမ်းလျှောက်နေသော
ဂျောင်ကုကို ဘေးကနေ ငေးနေတဲ့ ထယ်ယောင်း....ဂျွန်က အာရှသားပီပီ ခေါက်ချိုးညီတဲ့ မျက်နှာသွယ်သွယ်ရှိပြီး သူ့ရဲ့ ဓားသွားလိုချွန်မြနေတဲ့ မေးရိုးတွေက မျက်နှာချောချောကို ဆွဲဆောင်မှုရှိအောင် အထောက်အပံ့ပေးနေသယောင်။ ငေးမောနေရင်း ဂျွန့်ဘေးနားကို အကြည့်ရောက်သွားဝောာ့ ဒတ်ခ်ျမတွေက မျက်လုံးကျွတ်ကျမတက် ကြည့်နေကြသည်။

“ ကျစ် ! ”

ထယ်ယောင်းစုပ်သက်လိုက်မိသည်။ ကောင်လေး ချောချောလေးကို အခုမှမြင်ဖူးကြတဲ့အတိုင်းပဲ စိတ်ရှုပ်ဖို့ကောင်းလိုက်တာ...

သဝန်တိုမှုတွေကို မထိန်းနိုင်တော့တဲ့အဆုံး ကျွန်တော့်နှုတ်ခမ်းက ဂျွန့်ပါးပြင်ပေါ်ကို ရောက်သွားခဲ့ပြီ။ စောနက မျက်တောင်မခတ်တမ်း‌ကြည့်နေကြတဲ့ ပျိုမေတို့က အခုမှ ဟိုဘက်လှည့်တဲ့ သူကလှည့်သွားပြီး နှမျောတသအကြည့်နဲ့ ကြည့်‌နေကြတဲ့သူတွေလည်း ရှိသည်။ ဂျွန်ကဝောာ့ အံ့ဩနေပြီး ပြူးပြူးလေးလှည့်ကြည့်လာသည်။

The Destiny Found in Holland (Completed)Wo Geschichten leben. Entdecke jetzt