#Unicode
ရွာထဲမဝင်ခင် အရင်ဆုံး Bourtange ခံတပ်ဘက်ကို ထွက်လာခဲ့လိုက်ကြသည်။ ထိုနေရာမှာတော့ တောင်တန်းကြီးတွေ ဘေးပတ်လည်ဝန်းရံထားပြီး တောတောင်အလှကို အပြည့်အဝ ခံစားကြည့်ရှုနိုင်လေသည်။
" ဒီ Bourtange မြို့လေးကလေ အစက ခံတပ်တစ်ခုအနေနဲ့သာ ဆောက်ထားခဲ့တာ....သမိုင်းကြောင်းတွေအရ အနှစ်ရှစ်ဆယ်စစ်ပွဲကာလမှာ ဒတ်ခ်ျတွေက စပိန်တွေ ထိန်းချုပ်ထားတဲ့ ဂျာမနီနဲ့ Groningen ကြားက တစ်ခုတည်းသောလမ်းကို ပြန်လည်ထိန်းချုပ်ဖို့အတွက် ဒီခံတပ်ကို တည်ဆောက်ခဲ့တာ....ဒါပေမဲ့ စစ်ပွဲပြီးတော့ ပြီးပြည့်စုံအောင် ပြန်လည်ပြုပြင်ပြီး မြို့ငယ်လေးအဖြစ် ပြောင်းလဲလိုက်တာပေါ့ "
" ohh...ဒါဆို ဒီနေရာက ခံတပ်မြို့ငယ်လေးပေါ့ "
" ဟုတ်တယ်.....ဒီမှာ ထယ်အကြိုက်ဆုံးကလေ ပုံမှန်ခံတပ်မြို့တွေလိုမဟုတ်ဘဲ ကြယ်ပုံစံလေး တည်ဆောက်ထားခဲ့တာပဲ...အပေါ်စီးကနေ ကြည့်ရင် အရမ်းကို လှလွန်းတယ်....အဲ့ဒါကလည်း ဒီနေရာရဲ့ ဆွဲဆောင်မှုပဲပေါ့ "
" အချစ်ပြောသလို အရမ်းလှတာ...ကိုယ်ဒီကိုလာခါနီး research လုပ်ဖူးတုန်းကလေ ဒီမြို့လေးရဲ့ပုံကို တွေ့လိုက်တာ ထူးထူးခြားခြား ကြယ်ပုံသဏ္ဍာန်လေးဆိုတော့ ချက်ချင်း မျက်လုံးထဲ ထင်းလာတာပဲ "
နှစ်ယောက်သား စကားတပြောပြောဖြင့် ဆက်လျှောက်လာရင်း ခပ်လှမ်းလှမ်းရောက်တော့ အမျိုးအစားမတူညီသော ရှေးခေတ် အမြှောက်ကြီးများကို တွေ့ရသည်။
KAMU SEDANG MEMBACA
The Destiny Found in Holland (Completed)
Fiksi PenggemarAnd so their love story begins all the way in Amsterdam ~