#Unicode
ဒီနေ့က သောကြာနေ့ဖြစ်ပြီး နောက်နေ့ဆို အလုပ်နားရက် နှစ်ရက်ရတော့မည်ဖြစ်တာကြောင့် ဂျောင်ကုက အလုပ်စောစောပြီး၍ နေ့လယ်ကတည်းက အိမ်ပြန်ရောက်နေသည်။
ထယ်ယောင်းက နေရောင်ပြပြ ဝင်ရောက်နေသော ပြတင်းပေါက်နားတွင်ထိုင်ကာ စာအုပ်တစ်အုပ်ကိုဖတ်နေသည်။ ဂျောင်ကုက ဆိုဖာပေါ်ဝင်ထိုင်ပြီး သန်မာတဲ့လက်တွေက ထယ်ယောင်းရဲ့ ခါးသိမ်သိမ်လေးအပေါ်ကို နေရာယူသည်။
" အချစ်... "
" hmm? "
သူ့ကို မကြည့်ဘဲ စာအုပ်ကိုပဲ အာရုံစိုက်ကာ တုံ့ပြန်လာတဲ့ ထယ်ယောင်းရဲ့ အသံတိုးတိုးကြောင့် ဂျောင်ကုက မကျေနပ်စွာ ထယ်ယောင်းခါးပေါ်က လက်တွေကို ဖြုတ်ကာ ဆိုဖာ၏ အစွန်ဆုံးတွင် သွားထိုင်သည်။
စာအုပ်ဖတ်နေရင်း အပိုင်းကောင်းရောက်နေပြီမို့ ရပ်တန့်မရသေး၍ ဂျွန်ခေါ်သံကိုကြားသော်လည်း လှည့်မကြည့်ဘဲ ပြန်ထူးမိလိုက်သည်။ ခဏနေတဲ့အထိ ဘာစကားအသံမှ ထပ်ထွက်မလာသည်မို့ လက်ထဲက စာအုပ်ကိုခဏပိတ်ကာ လှည့်ကြည့်လိုက်တော့ ဆိုဖာထောင့်မှာ လက်ပိုက်ပြီး မျက်မှောက်ကြုံ့ကာ ထိုင်နေတဲ့ ဂျွန်ကိုတွေ့ရလေတော့သည်။ ဒါက သူ့ကို သေချာပြန်မထူးလို့ စိတ်ကောက်သွားတဲ့ ပုံစံလေးလား? ချစ်စရာကောင်းနေသည်မို့ ထယ်ယောင်းက ရယ်ချင်စိတ်ကို ထိန်းကာ အနားကပ်သွားလိုက်တော့ မသိချင်ယောင်ဆောင်နေသည်။
" ဂျွန် ~ စာအုပ်က အဓိကအပိုင်းကို ရောက်နေပြီ မို့လို့ပါ "
" အင်း အဲ့ဒါဆို ဆက်ဖတ်နေလေ "
လက်မောင်းကို ခပ်ဖွဖွလှုပ်ရမ်းပြီး မျက်နှာငယ်လေးနှင့် ပြောနေသော်လည်း အချည်းနှီးသာ။ နောက်ဆုံး ကျန်ရမရတဲ့အဆုံး ဂျွန်ရဲ့ မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ကာ ခပ်ပါးပါး နှုတ်ခမ်းပါးတွေဆီကို ချဉ်းကပ်လေတော့ အနည်းငယ်လန့်သွားပုံရပေမဲ့ ခပ်တည်တည်သာပြန်နေသည်။ ထယ်ယောင်းဘက်မှ နမ်းနေသော်လည်း တုံ့ပြန်မှုမရှိလေတော့ နှုတ်ခမ်းချင်းပြန်ခွာလိုက်ပြီး ငိုမဲ့မဲ့ဖြစ်လာရသည်။
VOUS LISEZ
The Destiny Found in Holland (Completed)
FanfictionAnd so their love story begins all the way in Amsterdam ~