zeven (7)

668 71 6
                                    

#Unicode

ပြတင်းပေါက်မှတစ်ဆင့် ခန်းဆီးလိုက်ကာ မကာထားသော အခန်းထဲသို့ ဖြတ်ဝင်လာသော နေရောင်ခြည်တန်းများက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ဂျောင်ကု မျက်နှာပေါ်သို့ ကျရောက်လာသည်။ မကြာလိုက် မျက်လုံးထဲသို့ ဝင်ရောက်လာသော အလင်းရောင်စူးစူး‌တို့ကြောင့် မျက်မှောင်များကြုံ့ရင်း နိုးထလာမိသည်။ မနေ့က ထယ်နဲ့ တစ်နေကုန် လျှောက်လည်လိုက်မိတာ ဒီနေ့တော့ နောက်ကျမှ အိပ်ရာထမိခြင်းပင်။ သို့သော်လည်း မမေ့နိုင်တဲ့ အမှတ်တရများစွာစုနေတဲ့ အဖိုးတန်နေ့လေးအကြောင်းကို တွေးမိတော့ အပြုံးတွေက အတောမသတ်နိုင်တော့....

ရေချိုးပြင်ဆင်ပြီးတော့ ဟိုတယ်မှာ တစ်‌ယောက်တည်း ပျင်းနေရမည့် အခြေအနေရှိသဖြင့် လွယ်အိတ်လေးဆွဲပြီး ထွက်လာလိုက်သည်က ချစ်ခြင်းတရားလေးရှိရာ ကော်ဖီဆိုင်ဆီသို့ ~

ဆိုင်ထဲဝင်သွားလိုက်တော့ ဒီယွန်က ဧည့်သည်မှတ်၍ နှုတ်ဆက်လေတော့သည်။ ကျွန်တော့်ကိုမြင်မှ နာမည်အော်ခေါ်မည်လုပ်နေ၍ အမြန်ပင်ပြေးပြီး ဟန့်တားလိုက်ရသေးသည်။ နှုတ်ခမ်းပေါ် လက်ညှိုးတင်ပြီး တိုးတိုးနေခိုင်းလိုက်တော့ အထာနပ်တဲ့ ဒီယွန်က ခေါင်းငြိမ့်ပြလာသည်။

ထယ့်ကို ဆိုင်အရှေ့မှာ မတွေ့သဖြင့် ထုံးစံအတိုင်း ကော်ဖီဖျော်တဲ့နေရာတွေဆီ သွားလိုက်တော့‌ ကျွန်တော်လာရာကို ကျောပေးထားပြီး ကော်ဖီစက်တွေအ‌ရှေ့မှာ အော်ဒါရထားသမျှ ကော်ဖီတွေကို တစ်မျိုးပြီး တစ်မျိုးရောစပ်လိုက်၊ ကြိုလိုက်နှင့် အလုပ်ရှုပ်နေလေသည်။ ထယ်မသိအောင် အနားသို့ ‌တဖြည်းဖြည်းသွားပြီး အနောက်ကနေ သိုင်းဖက်လိုက်တော့ တစ်ကိုယ်လုံးတုန်တက်သွားပြီး မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ချက်ချင်း မော့ကြည့်လာသည်။

“ လန့်လိုက်တာ ဂျွန်ရယ်....ဘယ်အချိန်ကတည်းက ရောက်နေတာလဲ ”

“ အခုမှရောက်တာ....ဟိုတယ်မှာ နေရတာပျင်းစရာကြီးမို့ ကိုယ့်ချစ်သူလေးကိုလည်း လွမ်းတာနဲ့ ချက်ချင်းပြေးလာခဲ့တာပါဗျ ”

“ အဲ့ဒါဆိုရင်တော့ ခဏစောင့်ဦး....ထယ်က ဒါတွေအကုန် ဖျော်ပြီးမှ အားမှာမို့လို့...နော် ”

The Destiny Found in Holland (Completed)Tempat cerita menjadi hidup. Temukan sekarang