The Final (25)

992 65 38
                                    

#Unicode

ဆောင်းရာသီတွင် မိုးအများဆုံးရွာသော လဖြစ်တဲ့ ဒီဇင်ဘာလဟာ ကုန်လွန်သွားပြီဖြစ်သော်လည်း ဆောင်းရာသီ၏လက်ကျန်အဖြစ် အမ်စတာဒမ်၏ ဇန်နဝါရီနေ့ရက်များတွင်လည်း မိုးတဖွဲဖွဲ ကျနေတတ်သည်။ သို့သော် ထူးထူးခြားခြားပင် ယနေ့တော့ ရာသီဥတုသာယာနေပြီး ခပ်အေးအေးဖြစ်နေကာ နှင်းတွေသာအနည်းငယ်ကျချင်သယောင်။ ယနေ့သည်ကား ထယ်ယောင်းအတွက် သာမန်နေ့တစ်နေတော့မဟုတ်။ ဇန်နဝါရီလ၏ သုံးပတ်မြောက်စနေနေ့ ဖြစ်တာကြောင့် National Tulip Day တစ်နည်းအားဖြင့် သူနဲ့ ဂျောင်ကုရဲ့ Anniversary Day ပင်။ ပြန်တွေးကြည့်တိုင်း Dam Square က ကျူးလစ်ပန်းခင်းများကြားတွင် ကျူးလစ်ပန်းတစ်စီးနှင့် ကဗျာဆန်စွာ ချစ်ရေးဆိုခဲ့သော ဂျွန်၏ပုံစံကို အခုထိတိုင် ရင်ခုန်နေဆဲဖြစ်သည်။

သို့သော် ဒီနေ့တစ်မနက်လုံး ပထမဆုံးသောနှစ်ပတ်လည်နေ့အကြောင်းကို စကားမဟတဲ့အပြင် အခုလည်း အလုပ်ကိစ္စရှိသည်ဟုပြောကာ ထွက်သွားလေတာကြောင့် ဂျွန့်ကို အနည်းငယ်တော့ စိတ်ကောက်ချင်မိသည်။ ထိုအလုပ်ကိစ္စဆိုသည်မှာလည်း အမေက အမ်စတာဒမ်တွင် ကုမ္ပဏီရုံးခွဲဖွင့်ပေးမည်ဟု ပြောလာတာကြောင့် ဂျွန်က သွားခြင်းပင်။ ရုတ်တရက်ကြီး ဖြစ်နေသော်လည်း စီးပွားရေးအကြောင်းနားမလည်တဲ့ ထယ်ယောင်းက ဂျွန်နဲ့ အမေ တိုင်ပင်ထားတာကို လက်ခံမြဲဖြစ်သည်။

တဖြည်းဖြည်းနှင့် ပျင်းလာတာကြောင့် အိမ်မှာမနေတော့ဘဲ သူပထမဆုံးဖွင့်ခဲ့သော ကော်ဖီဆိုင်သို့ ဒီယွန်နှင့်အတူ ဝိုင်းကူပေးရန် ထွက်လာလိုက်တော့သည်။

" oh Vante, wat doe jij hier? "

( oh, အစ်ကို Vante က ဒီကိုဘာလာလုပ်တာလဲ )

တံခါးလက်ကိုင်ကို ဆွဲဖွင့်ပြီး ဝင်လိုက်တာနဲ့ သူ့ကိုမြင်တော့ ဒီယွန်က အမေးပြုလာသည်။ ဆိုင်ပတ်ပတ်လည်ကို ကြည့်လိုက်တော့ ဧည့်သည်က အရမ်းလည်း မများသလို အရမ်းလည်းမ‌နည်းတာမို့ သူတောင် ကူစရာမလိုပင်။

" ik verveel me thuis dus ik kwam hier om je te helpen "

( အိမ်မှာပျင်းလို့လေ မင်းကို ဝိုင်းကူမလို့လာတာ )

သူ့စကားကိုကြားတော့ ဒီယွန်က ခန့်မှန်းရခက်သော အပြုံးကြီးနှင့် ပြုံးပြသည်။ ဒီကြောက်စရာကောင်းတဲ့ အပြုံးရဲ့ အဓိပ္ပာယ်က ဘာပါလိမ့်? ဒီယွန်ကိုကြည့်လိုက် တွေးလိုက်လုပ်နေသော ထယ်ယောင်းက ဒီယွန်က သူ့အနောက်ဘက်ကိုကြည့်ပြီး တစ်စုံတစ်ယောက်ကို လက်ပြနေတာကြောင့် အာရုံပြောင်းသွားရသည်။ လှည့်ကြည့်လိုက်တော့ ဒီယွန်ရဲ့ သူငယ်ချင်းဖြစ်သူ Lukas က ကျွန်တော်တို့ နှစ်ယောက်ဆီကို လျှောက်လာလေသည်။ ထိုကောင်လေးကိုသိတာ တစ်ပတ်လောက်ပဲရှိသေးပေမဲ့လည်း ဖော်ရွေတဲ့ပုံစံရှိပြီး ဒီယွန်နဲ့လည်း တပူးပူး တတွဲတွဲ သွားလာနေတာကို သတိထားမိပြီးသားဖြစ်တာကြောင့် ‌ထယ်ယောင်းက အရမ်းကြီး ထူးဆန်းမနေတော့။

The Destiny Found in Holland (Completed)Where stories live. Discover now