vijftien (15)

469 51 9
                                    

#Unicode

မနက်စောစောပိုင်း နေထွက်ခါစအချိန်ဖြစ်သော်ငြားလည်း အခန်းတစ်ခုထဲတွင် အလုပ်ရှုပ်နေသော ချစ်သူနှစ်ဦးကိုသာ တွေ့ရမည်ဖြစ်သည်။ ထယ်ယောင်းက လေယာဉ်ချိန်နောက်ကျမှာစိုး၍ အစောကြီးထပြီး ပြင်ဆင်နေသော်လည်း ဂျောင်ကုကတော့ ခုနကမှနိုးပြီး လေတချွန်ချွန်ဖြင့် အေးအေးလူသာ ရေချိုးနေတော့သည်။

“ ဂျွန်ရေ...မြန်မြန်လုပ်နော် နောက်ကျနေဦးမယ် ”

“ အခုပဲပြီးပြီ အချစ်ရေ ”

ရေချိုးခန်းတံခါးကိုခေါက်ကာ သတိပေးလိုက်တော့ ချက်ချင်းပင် ပြန်လည်တုံ့ပြန်လာသည်။ ခဏနေ ရေချိုးခန်းထဲက ထွက်လာတော့ hoodie အမည်းနှင့် ဂျင်းဘောင်းဘီအမည်းကို ဝတ်ထားပုံအရ အင်္ကျီတစ်ခါတည်း လဲလာပုံရသည်။ သူကတော့ ရိုးရိုးတန်းတန်းပဲ ဝတ်ထားလည်း ကြည့်ကောင်းနေတော့တာပဲ။

“ ကိုယ်အရမ်းချောနေလို့လား ”

“ အင်း ဟုတ်တယ်...အဲ့ဒါကြောင့် လမ်းမှာ ဝိုင်းရှိုးကြရင် ဘယ်လိုလုပ်မလဲ ”

ရေချိုးခန်းထဲက ထွက်ထွက်ချင်း အချစ်လေးက မျက်တောင်မခတ်တမ်း ငေးကြည့်နေတာမို့ မေးလိုက်တော့ နှုတ်ခမ်းလေးထော်ပြီး ဘောက်ဆက်ဆက်လေး ပြန်ဖြေလာသည်။ သဝန်တိုနေ‌တဲ့ပုံလေးကို အသည်းတွေယားပြီး ဖြစ်ညှစ်ပစ်လိုက်ချင်တော့တယ်။

“ ဘယ်လိုမှလုပ်မနေနဲ့....ကိုယ်က ကင်ထယ်ယောင်းလေးကလွဲပြီး ဘယ်သူ့ကိုမှမြင်တာမဟုတ်ဘူး ”

ထယ်ယောင်းရဲ့ မေးဖျားလေးကို လက်ဖြင့်တို့ကာ ပြုံးစိစိနှင့် ပြန်ဖြေလာတဲ့ ဂျောင်ကုရဲ့အဖြေကြောင့် သဘောကျသွားဟန် နှုတ်ခမ်းထောင့်စွန်းလေးက မသိမသာ ကွေးတက်သွားသည်။ သဝန်တိုတာလေးက ချစ်ဖို့ကောင်းတာထက်ကိုပိုနေတော့တာ။ ခက်တာက ဒီလူက သူမှမဟုတ်ရင် မဖြစ်ဘူးဆိုတာကို မသိရှာလေဘူးလား အချစ်ရယ်...
____________________________________

လေယာဉ်ချိန်ကလည်း တဖြည်းဖြည်းနီးလာပြီမို့ ဆိုင်ကိုခဏဝင်ကာ ဒီယွန်ကို နှုတ်ဆက်ပြီးမှ လေဆိပ်ကိုထွက်လာရတော့သည်။ ဒီယွန်နဲ့သူက တစ်ခါတစ်လေ အကြောမတည့်ပေမဲ့လည်း ငယ်ငယ်ကတည်းက ညီအစ်ကိုအရင်းတွေကဲ့သို့ ဖြစ်နေခဲ့တာကြောင့် သံယောဇဉ်ကလည်း မ‌နည်းလှ။ ပွေ့ဖက်ကာ နှုတ်ဆက်စကားပြောမိတော့ အကြာကြီးခွဲရဦးမယ်ဟုဆိုကာ ငိုမဲ့မဲ့နှင့်ပြောလာသော ဒီယွန်ကြောင့် သကောင့်သားကို မငိုအောင် ချော့ခဲ့ရသေးသည်။

The Destiny Found in Holland (Completed)Kde žijí příběhy. Začni objevovat