twintig (20)

452 49 7
                                    

#Unicode

" ကဲ...အိမ်ထဲဝင်ကြဦး‌လေ သားတို့ "

ဂျောင်ကုအမေက အရှေ့ကနေ ဦးဆောင်ပြီး ဝင်သွားတော့ ဂျောင်ကုက ထယ်ယောင်းလက်ကိုတွဲလျက် အနောက်မှ လိုက်ဝင်သည်။

ဧည့်ခန်းထဲကိုရောက်တော့ သတင်းစာထိုင်ဖတ်နေသည့် အမျိုးသားတစ်ဦး၊ ထိုလူက ဂျွန်ရဲ့အဖေ ဖြစ်ရမည်။ ဂျွန်ရဲ့ ယောက်ျားပီသတဲ့ ရုပ်ရည်က ဂျွန့်အဖေဆီက အမွေရထားသည့်ပုံပင်။

" ယောက်ျား...ဒီမှာ သားတို့ရောက်ပြီ၊ ကျွန်မ တစ်ခုခုသွားပြင်ဦးမှာမို့လို့ ရှင်က ဧည့်ခံထားပေးဦး "

" အေးပါ မိန်းမရယ်၊ လာ လာ....သားတို့ ထိုင်ကြကွယ် "

ဖတ်လက်စ သတင်းစာကို ခုံပေါ်တင်လိုက်ပြီး ဆိုဖာကို ညွှန်ပြကာ ဂျွန်ရဲ့အ‌ဖေက ဖော်ဖော်ရွေရွေပင် ပြောလာသည်။

" ထယ်ယောင်းက အားမနာဘဲ လွတ်လွတ်လပ်လပ်နေနော်....ပြီးတော့ ဂျောင်ကု ပြောရဆိုရခက်တာတွေရှိရင် ထယ်ယောင်းကို အပ်ထားမယ်၊ အန်ကယ်တို့ကို ပြန်တိုင်ပါဦး "

" ဟုတ် မရှိပါဘူး အန်ကယ် "

ဂျောင်ကုအဖေရဲ့စကားကြောင့် ထယ်ယောင်းက ရယ်လျက်သာ ပြန်ဖြေလေသည်။

" ကျွန်တော်က ကလေးလား အဲ့လိုပြန်တိုင်ရအောင် "

" မင်းထယ်ယောင်းကို အနိုင်ကျင့်နေမှာစိုးလို့ ပြောတာဟေး "

ချက်ချင်းပင် ဆူပုတ်ပုတ်ဖြစ်သွားတဲ့ ဂျောင်ကုကြောင့် ဂျောင်ကုအဖေနဲ့ ထယ်ယောင်းတို့က ထရယ်လိုက်ကြမိသည်။ အဖေတို့များ သားမက်ကို ပိုနေလိုက်တာ၊ သူ့သားက အနိုင်ကျင့်ဖို့ နေနေသာသာ ထယ်ယောင်းရဲ့ ချွဲနွဲ့တဲ့ အပြောလေးတွေနဲ့ တောင်းဆိုလာရင် မငြင်းသာတော့ဘဲ လူက အရည်ပျော်ပြီး အကုန်လိုက်လုပ်ပေးနေမိတာကိုတော့ ထုတ်မပြောဖြစ်တော့။

သုံးယောက်သား ရယ်မောလျက် စကားတပြောပြောနှင့် ထယ်ယောင်းအမေလာတာကို စောင့်ရင်း စကားဖောင်ဖွဲ့နေမိကြတာ အိမ်တံခါးခေါက်သံကြားမှသာ စကားဝိုင်းလေးဟာ ရပ်တန့်သွားတော့သည်။

ဂျောင်ကုအဖေက တံခါးထဖွင့်ပေးရန် ပြင်လိုက်ပြီး ဂျောင်ကုအမေကပါ အသံကြား၍ထင်၊ မုန့်လုပ်နေရာမှ လာထွက်ကြည့်သည်။

The Destiny Found in Holland (Completed)Donde viven las historias. Descúbrelo ahora