#Unicode
အချိန်အတော်အတန်ကြာအောင် စီးပြီး Amsterdam ဘူတာရုံသို့ ရထားဆိုက်လာသည့်တိုင်အောင် အိပ်မောကျနေသော ထယ်ယောင်း....ငိုထား၍ နှာထိပ်လေးတွေရဲနေကာ ပင်ပန်းနေလောက်မည်ဖြစ်သောကြောင့် မနှိုးရက်တော့ဘဲ လွယ်အိတ်နှစ်အိတ်ကို တစ်ဖက်တစ်ချက်စီလွယ်ပြီး ထိုအတိုင်းသာ ပွေ့ချီ၍ ခေါ်လာလိုက်သည်။ ဘူတာရုံနှင့် ကော်ဖီဆိုင်က နီးသည်မို့လည်း ခပ်သွက်သွက်သာ လျှောက်လာလိုက်သည်။ တစ်ချက်တစ်ချက် သူ့ရင်ခွင်ကို ခေါင်းလေးမှီထားပြီး အိပ်နေသော လက်ထဲက ပေါက်စလေးစီမှ ယောင်သံဝိုးတဝါးလေးတွေ ထွက်လာသောအခါ သူပြုံးလိုက်မိပါသေးသည်။ လမ်းတစ်လျှောက် သူ့ကို ကွက်ကြည့်ကွက်ကြည့်လုပ်နေကြသော လူတွေကိုလည်း ဂရုမစိုက်အားတော့...
ကော်ဖီဆိုင်သို့ ရောက်သော် ပိတ်ရက်မို့ ဒီယွန်လည်း ရှိမနေ၍ သော့ခပ်ထားသော တံခါးကိုသာ မြင်တွေ့လိုက်ရသည်။ ထို့ကြောင့် လက်ထဲက ပေါက်စလေးကို ဘေးက ခုံအလွတ်တစ်ခုနား ခဏချထားလိုက်သည်။ ထယ်တစ်ခါပြောပြထားဖူးသော ဆိုင်သော့ကိုရှာရန် ညာဘက်ပုခုံး၌ လွယ်ထားသော ထယ့်လွယ်အိတ်ထဲသို့ မွှေနှောက်ရှာလိုက်တော့ အညိုရောင်ဝက်ဝံရုပ်ပုံစံ keychain လေးတပ်ထားသော သော့တစ်တွဲကို တွေ့လိုက်ရသည်။ ဝမ်းသာအားရဖြင့် သော့တစ်ချောင်းမဟုတ် တစ်ချောင်းပြောင်းပြီး စမ်းဖွင့်ကြည့်လိုက်တော့ ဆိုင်တံခါးက ပွင့်သွားလေသည်။
သော့ဖွင့်သံကြောင့် ခုံပေါ်က ထယ်ယောင်းနိုးသွားမည်စိုး၍ လှည့်ကြည့်လိုက်တော့ အိပ်မောကျနေဆဲပင်။ ထိုမှသာ စိတ်အေးသွားရပြီး ထယ်ယောင်းကို ပြန်လည်ပွေ့ကာ အပေါ်ထပ်က အခန်းထဲသိပ်ထားရန် ချီခဲ့လိုက်သည်။ ကုတင်ပေါ်ကို အသာချပေးပြီး ရင်ဘက်နားထိ စောင်ကိုဆွဲခြုံလိုက်ပြီး နဖူးကို တစ်ချက် အနမ်းပေးကာ ပြန်ထွက်လာခဲ့လိုက်သည်။
နိုးလာရင်စားဖို့ တစ်ခုခုလုပ်ပေးရန် မီးဖိုးချောင်က ရေခဲသေတ္တာကို ဖွင့်ကြည့်လိုက်တော့ ရေဘူးတွေနဲ့ ကြက်ဥတွေက လွဲပြီး ဘာမှရှိမနေ။ ထယ်က တစ်ယောက်တည်းနေတဲ့သူဖြစ်တာကြောင့် ဒီလိုရေခဲသေတ္တာမျိုးရှိနေသည်က အထူးအဆန်းတော့မဟုတ်။ market သွားဝယ်ဖို့လည်း ထယ့်ကို တစ်ယောက်တည်းမထားချင်ခဲ့သည့်အတွက် လွယ်လွယ်ကူကူ ကြက်ဥလိပ်ကြော်သာ လုပ်လိုက်တော့သည်။ စောနက စားပွဲပေါ်မှာ လိမ္မော်ရည်တွေ့တာနဲ့ လိမ္မော်ရည်တစ်ခွက်ပါ ဖျော်ပြီး အဆင်သင့်ပြင်ထားပေးလိုက်သည်။ ပြီးနောက် ထယ်ယောင်းနိုးအလာကို ဧည့်ခန်းထဲက ဆိုဖာပေါ် စောင့်နေသော ဂျောင်ကုမှာတော့ လေးလံလာသော မျက်ခွံများကို မလွန်ဆန်နိုင်စွာပင် အိပ်ပျော်သွားလေတော့သည်။
![](https://img.wattpad.com/cover/300164638-288-k684984.jpg)
ESTÁS LEYENDO
The Destiny Found in Holland (Completed)
FanficAnd so their love story begins all the way in Amsterdam ~