#Unicode
alarm သံတောင် မကြားရသေးခင် စိတ်လှုပ်ရှားခြင်းများဖြင့် အရင်ဆုံး နိုးထလာခဲ့တဲ့ မနက်ခင်းတစ်ခုတွင် ထယ်ယောင်းတစ်ယောက် လန်းဆန်းတက်ကြွလို့နေသည်။ ဒီနေ့ ဂျွန်နှင့်အတူ အမ်စတာဒမ်ကို ပြန်သွားရတော့မည့်နေ့ဖြစ်တာကြောင့် တက်ကြွစွာပင် လေယာဉ်ချိန်မတိုင်မီ အစောကြီးကတည်းကထ၍ ပြင်ဆင်နေလိုက်သည်။ အားလုံးပြင်ဆင်ပြီးသွားတော့ ဂျွန်က မနက်စာပြင်ထားမည်ဟု ပြောထားတာကြောင့် ထမင်းစားခန်းကိုသာ ဦးတည်လိုက်သည်။
ဂျွန်ပြင်ပေးထားတဲ့ သူ့အတွက် နွားနို့ပူပူတစ်ခွက်ကိုသာ ထိုင်သောက်နေလိုက်သည်။ နောက်နေ့တွေဆိုရင် မနက်စာက ချိစ်တွေသာ စိုးမိုးနေမှာမို့ ပိုပြီးစိတ်လှုပ်ရှားကာ ယခုမနက်စာကတော့ နွားနို့တစ်ခွက်နှင့်ပင် ပြီးသွားရသည်။
" hmm, အချစ် စားပြီးသွားပြီလား....လေယာဉ်ပေါ်မှာ ဗိုက်ဆာနေဦးမယ် "
ကုန်သွားတဲ့နွားနို့ခွက်လေးကိုချရင်း ပစ္စည်းများသွားစစ်ဖို့လုပ်နေတဲ့ ထယ်ယောင်းကို ဂျောင်ကုက black coffee တစ်ခွက်ကို တစ်ငုံသောက်ရင်း မေးလေသည်။
" တော်ပြီ ဂျွန်...အခုဗိုက်သိပ်မဆာလို့ နွားနို့ပဲသောက်လိုက်တာ၊ ထယ်ပစ္စည်းတွေ သွားစစ်လိုက်ဦးမယ်နော် "
မနက်ခင်းတွင် နေရောင်နှင့်အတူ တောက်ပ
နေသော မျက်နှာလှလှလေးကို ငေးနေရင်းပင် ခေါင်းငြိမ့်ပြလိုက်တော့မှ အခန်းဘက်ကို ထွက်သွားလေသည်။
_______________________________At Schiphol Airport, Amsterdam.
ဆိုးလ်ကနေ အမ်စတာဒမ်သို့ Asian နှင့် Europe ဖြစ်နေ၍ ဆယ့်နှစ်နာရီနီးပါးကြာအောင် လေယာဉ်စီးရသည်။ လေယာဉ်ပေါ်မှာတုန်းကလည်း ဂျွန်နဲ့အတူ စကားတွေပြောလိုက်၊ စားလိုက် သောက်လိုက်၊ မောသွားလျှင် အိပ်ပျော်သွားကြလိုက်ဖြင့် အချိန်ကုန်မှန်းမသိ ကုန်ပြီးရောက်လာခဲ့ကြသည်။ လေယာဉ်ပေါ်ကဆင်းတော့ ထယ်ယောင်းက စိတ်လှုပ်ရှားကာ ဂျောင်ကုလက်ကို တွဲလျက်ပင် အမ်စတာဒမ်မြေသို့ ပြန်လည်ခြေချလိုက်သည်။
airport အဝလည်းရောက်ရော ပါလာတဲ့ luggage ကိုခဏချကာ လက်နှစ်ဖက်ကို ဆန့်တန်းပြီး အမ်စတာဒမ်ရဲ့ လေထုကို တဝကြီး ရှူရှိုက်လေတော့သည်။
ŞİMDİ OKUDUĞUN
The Destiny Found in Holland (Completed)
Hayran KurguAnd so their love story begins all the way in Amsterdam ~