#Unicode
ထယ်ယောင်းက ဆေးရုံကို ရောက်တာနဲ့ တက္ကစီပေါ်က ချက်ချင်းဆင်းပြီး အရေးပေါ်အခန်းများနားကို ပြေးသွားလိုက်တော့ ဆရာဝန်များနှင့် nurse များက အရေးပေါ်ရောက်လာသော လူနာများကို အပြေးအလွှားကုသရင်း အလုပ်ရှုပ်နေကြသည်။ ထိုလူများကြားထဲမှ ဝေ့ဝိုက်ကြည့်လိုက်တော့ အနည်းငယ် လူရှင်းသော ထောင့်တစ်ထောင့်ရှိ ထိုင်ခုံတစ်ခုတွင် ဆော့ဟွန်းက ထိုင်စောင့်နေသည်။ ဘေးကိုပါ အကြည့်ပို့လိုက်တော့ ဂျွန့်အမေနဲ့ အဖေပါ ရောက်နေသည်။ ဂျွန့်အမေကတော့ သူရောက်လာတော့ အံ့ဩရိပ်များသမ်းသွားပုံရကာ မျက်နှာအမူအရာက ချက်ချင်းပြန်တည်သွားပြီး သူ့ကို စူးရဲစွာကြည့်လို့နေသည်။ ပြာယာခပ်နေသော စိတ်ကြောင့် ဂျွန့်အမေကိုလည်း ဂရုမစိုက်အားတော့ဘဲ ဆော့ဟွန်းနားကို ချက်ချင်းပင် အပြေးသွားမိသည်။
" ဟွန်းလေး!! ဂျွန်ရောဟင်? ဘယ်နားတွေထိခိုက်မိသွားသေးလဲ အခုဘယ်မှာလဲ "
ပြာယာခပ်ကာ ချွေးတွေပါပြန်နေသော ထယ်ယောင်းကို ကြည့်ပြီး ဆော့ဟွန်းမှာလည်း စိတ်မကောင်းဖြစ်မိသည်။
" အရင်ဆုံး စိတ်အေးအေးထားပါဦး ဟျောင်း! ဂျောင်ကုဟျောင်းက အခု operation ဝင်နေတယ်၊ တစ်ကယ်ကို တော်သေးတာက ဆရာဝန်တွေပြောသွားတာ ခေါင်းက အရမ်းကြီးမထိခိုက်သွားဘူးတဲ့ "
ထိုအခါမှ အနည်းငယ်စိတ်အေးသွားရပြီး သက်ပြင်းခပ်ဖွဖွကိုသာ ချလိုက်မိသည်။
“ ဒါနဲ့ ဂျွန်က ဘာလို့အခုလိုဖြစ်သွားရတာလဲ? ဟွန်းလေးကရော ဟျောင်းသွားမှာကို ဘယ်လိုသိနေတာလဲ ”
ဟွန်းလေးရဲ့ အားနာနေဟန် အပြုံးလေးက ထယ်ယောင်းရဲ့ သိချင်စိတ်ကို ပိုပြီးနှိုးဆွနေသယောင်။
“ အဲ့ - အဲ့ဒါကလေ ကျွန်တော် နေ့လယ်က
ဟျောင်းဆီလာတုန်းက အန်တီလေးနဲ့ ဟျောင်းနဲ့ ပြောနေကြတာတွေကို အမှတ်တမဲ့ကြားလိုက်ရတယ်။ ဟျောင်းနဲ့ ဂျောင်ကုဟျောင်းကိုလည်း မခွဲစေချင်လို့ ဂျောင်ကုဟျောင်းကို အဲ့အကြောင်းတွေပြောပြလိုက်တာ။ ကြည့်ရတာ ဟျောင်းက ချက်ချင်းလေဆိပ်ကို လိုက်လာတဲ့လမ်းမှာ အခုလိုဖြစ်တော့တာပဲထင်တယ် ”
![](https://img.wattpad.com/cover/300164638-288-k684984.jpg)
ESTÁS LEYENDO
The Destiny Found in Holland (Completed)
FanficAnd so their love story begins all the way in Amsterdam ~