#Unicode
“ အခု ဘယ်ကိုသွားကြမလဲ ထယ် ”
“ umm....အရင်ဆုံး အန်စာတုံးပုံစံရှိနေတဲ့ အိမ်တွေဘက်ကို သွားကြည့်ကြမယ် ဂျွန်....ပြီးမှ ဒီယွန်လမ်းကြုံထည့်ပေးလိုက်တဲ့ လက်ဆောင်ကို ဦးလေး Steven ဆီ ဝင်ပေးရဦးမယ် ”
“ အန်စာတုံးပုံစံ !? wow....ဒတ်ခ်ျဗိသုကာလက်ရာတွေကတော့ နောက်စရာတစ်ခု မဟုတ်ခဲ့ဘူးပဲ ”
ဂျွန်က ခေါင်းတခါခါဖြင့် အံ့ဩသလိုပြောလာတာကြောင့် အသာပြုံးလိုက်မိသည်။ 17 ရာစုနှင့် 20 ရာစုပထမပိုင်းလောက်တွင် ထွန်းကားခဲ့သော ဒတ်ခ်ျလူမျိုးတို့၏ ဗိသုကာလက်ရာများသည် တမူထူးခြားသောကြောင့်ပင် ယခုတိုင်ထင်ရှားနေဆဲဖြစ်သည်လေ။
နောက်တစ်နေရာကို ဆက်ရန်အတွက် ဂျွန့်လက်ကိုတွဲလျက်ပင် ရထားဘူတာသို့ ထွက်လာခဲ့လိုက်သည်....
_________________________________________ထိုအိမ်များရှိရာ Overblaak 70 လမ်းက Rotterdam blaak ဘူတာနှင့်နီးသည်မို့ ထိုနီးစပ်ရာ ဘူတာတွင်ပဲ ဆင်းလိုက်ကြသည်။ လမ်းအနည်းငယ် ရှေ့ဆက်လျှောက်လိုက်တော့ လမ်းတစ်လျှောက်၌ အန်စာတုံးပုံသဏ္ဍာန်ဖြင့် အဝါရောင်အိမ်ကြီးများက စီစီရီရီရှိနေသည်။
“ အိုးး...ဒီလက်ရာတွေက တအားကို မိုက်တာပဲ ”
အံ့ဩနေပုံမှာ ပါးစပ်လေးပါပွင့်လျက်သားဖြစ်နေတဲ့ ဂျွန့်ရဲ့ ချစ်စရာပုံစံကိုမြင်တော့ ထယ်ယောင်းပြုံးလိုက်မိသည်။
“ ဟုတ်တယ် ဂျွန်....အရင်က ရောက်ခဲ့ဖူးရင်တောင် ဒီအိမ်တွေကိုမြင်တိုင်း idea နဲ့ လက်ရာကို အမြဲမှင်သက်နေရတုန်းပဲ ”
ဂျောင်ကုက ထိုအိမ်လေးတွေကို အသေးစိတ် သေချာလိုက်လံကြည့်ရှူနေသလို ကင်မရာဖြင့် မှတ်တမ်းတင်ထားဖို့ကိုလည်း မမေ့ပေ...
JE LEEST
The Destiny Found in Holland (Completed)
FanfictieAnd so their love story begins all the way in Amsterdam ~