Shadow Play 3
ရှောင်းကျန့်ရဲ့ နိုးလာခါနီး တဖြတ်ဖြတ်ခါနေသည့် မျက်တောင်ရှည်များက လိပ်ပြာအနက်ရောင်၏ တောင်ပံလေးများနှင့်ပင်တူသည်။ ရိပေါ်က သူနိုးလာပြီဆိုတာသိပေမဲ့ ဖက်ထားသည်ကိုလဲ မလွှတ်ပဲ ရင်ခွင်ထဲထည့်ကာဆက်ဖက်ထားလိုက်သည်။ ရှောင်းကျန့်က သူ့ကိုယ်ကို အနည်းငယ်လူးလွန့်ကာ မျက်လုံးကို ဖွင့်လိုက်တော့ သူ့ကို တည့်တည့်စိုက်ကြည့်နေသည့် ရိပေါ်ကိုမြင်ပြီး လန့်သွားကာ ရုတ်တရက်တွန်းလွှတ်တော့သည်။ ရှောင်းကျန့်၏ အစွန်းတွင် ဇင်ယော်တောင်ပံလေးလို ကော့တန်းသွားသည့် မျက်ရစ်ကလေးနှင့် မျက်ဝန်းအိမ်လေးပြူးကျယ်သွားပုံက ရိပေါ်ကို ပြုံးမိအောင် စွမ်းဆောင်နိုင်သည်။
သူက ရုန်းဖယ်ဖို့ကြိုးစားရင်းနေသည့် ရှောင်းကျန့်ခြေတံလက်တံရှည်တွေကို ချုပ်ထားလိုက်ပြီး
"ရှောင်းသခင်လေး ခင်ဗျားကိုယ်ပေါ်မှာ ဘာအဝတ်မှရှိတာမဟုတ်ဘူး။ အတင်းရုန်းရင် ကိုယ်ပေါ်မှာ အခုအုပ်ထားတဲ့ အင်္ကျီပြုတ်ကျသွားလို့ အရှက်ကွဲနေမယ်"ဒီတော့မှ ရှောင်းကျန့်က သူ့ကိုယ်သူ သတိထားမိပြီး ပြန်ငုံ့ကြည့်တော့သည်။ အနက်ရောင် ကုတ်အင်္ကျီက ကိုယ်ခန္ဓာ တစ်စိတ်တစ်ပိုင်းကို ဖုံးကွယ်ပေးထားနိုင်သည်မှာလဲ သူ့ကိုယ်ကို ကွေးထားလို့သာဖြစ်မှန်းသတိထားမိတော့ ရှောင်းကျန့်ထပ်မလှုပ်ရဲတော့။ သူ့ခြေလက်တွေမှာ နီညိုညစ်ညစ် သွေးစသွေးနတွေပေနေတာ သတိထားမိတော့ အထိတ်တလန့်နှင့် ဝမ်ရိပေါ်ကို မော့ကြည့်ကာ
"ကျွန်တော် . . . ကျွန်တော် ဘာဖြစ်တာလဲ"
ရိပေါ်က တစ်ချက်ပြုံးလိုက်ပြီး ရှောင်းကျန့်နဖူးပေါ်ဝဲကျနေသည့် ဆံပင်တိုနံ့နံ့လေးကို သူ့လက်ချောင်းရှည်ရှည်တွေနှင့် သပ်တင်လိုက်သည်။ ဒီဆံပင်လေးတွေကို သပ်တင်ပေးချင်နေသည်မှာ ကြာလှပြီ။
"အဲ့ဒါကို ပြီးရင်ပြောကြတာပေါ့"
ရှောင်းကျန့်က ခေါင်းထောင်ပြီး ထကြည့်တော့ သူတို့ စီးလာသည့် ကားက စံအိမ်တစ်ခု၏ ခြံတံခါးဂိတ်ကို ဖြတ်ကာ အတွင်းကိုဝင်သွားပြီဆိုတာ သိလိုက်ရသည်။
YOU ARE READING
SHADOW PLAY
Fanfictionသွေးရဲရဲ သံရဲရဲ လူသတ်မှုများ၊ ကွင်းဆက်လူသတ်သမား ဘာညာများပါသည်။ စိတ်အခန့်မသင့်လျှင်မဖတ်ပါနှင့်။