Act 7 (Zawgyi)

1.9K 118 6
                                    

ရုပ်ရှင်ပြီးသည့်အချိန်ထက် နာရီဝက်လောက်ကျော်မှ ဝမ်အိမ်ရဲ့ သခင် ဟေးပေါက်ဂိုဏ်းခေါင်း‌ဆောင်နှင့် ရှောင်းအိမ်ရဲ့ အပယ်ခံ သခင်လေးတို့ဟာ ရုပ်ရှင်ရုံထဲက ထွက်လာကြသည်။ အပေါက်ဝမှာ အခြေအနေတော်တော်တင်းမာနေပြီဖြစ်တဲ့ အိမ်နှစ်အိမ်က လူတွေကိုမြင်တော့ ရှောင်းကျန့်ကတော့ ရှက်ပြီး ခေါင်းငုံ့သွားသည်။ ဝမ်ရိပေါ်ကတော့ ထူးထူးခြားခြားမပြောင်းလဲသွား။ သူ့နှာခေါင်းက မိုးရေခံထားသလို အပေါ်ကို မြှင့်ထားပြီး ရှောင်းအိမ်ကလူတွေကို မျက်လုံးအောက်စိုက် နှိမ်ကြည့်နေသည်။
နှစ်ယောက်လုံးက တမူတော့ထူးနေလေရဲ့။ ပုံမှန်သပ်သပ်ရပ်ရပ်ဝတ်စားတတ်သူ နှစ်ယောက်လုံးက ဆံပင်တွေကလဲ နည်းနည်း ထိုးထိုးထောင်ထောင်ဖြစ်ကာ အင်္ကျီတွေက အနည်းငယ်တွန့်ကြေလို့။ နှစ်ယောကိလုံးနှုတ်ခမ်းတွေက သိသိသာသာကို ယောင်နေတယ်ဆိုရမလား ပုံမှန်ထက်ပိုပြီး ပျားထုပ်ခံရသလို ထူအမ်းနေပေမယ့် မျက်နှာတွေကတော့ အလင်းရောင်တွေ ဘလင်းဘလင်း ထွက်နေသလိုထင်ရအောင်ဝင်းပနေသည်။

ရှောင်းအိမ်ကလူတွေက သူတို့ထွက်လာတာကိုမြင်သည်နှင့် အဲ့ဒီအဖွဲ့ကို ခေါင်းဆောင်ဟန်တူသည့်လူက အရှေ့တိုးလာကာ. . .
"ဝမ်သခင်လေး. . . . "

"ဝမ်သခင် . . .သခင်လေးမဟုတ်ဘူး"

ဝမ်ရိပေါ်ရဲ့ လူတစ်ယောက်ကချက်ချင်းဝင်ပြင်လိုက်တော့ ရှောင်းအိမ်က လူကတွန့်သွားသည်။
"အိမ်တော်ထိန်းကြီး ဘာကိစ္စရှိလို့လဲ" ရှောင်းကျန့်က ဝမ်ရိပေါ်အနောက်ကနေ ဝင်မေးပေမယ့် အိမ်တော်ထိန်းဆိုသူက ရှောင်းကျန့်ကို ရှိတယ်လို့တောင်အသိအမှတ်မပြု။ ရိပေါ်ရှိရာကိုသာ တည့်တည့်ကြည့်ကာ
"ကျွန်တော်တို့ ရှောင်းအိမ်က သခင်ကြီးက ဝမ်သခင်ကို ညနေခင်း လက်ဖက်ရည်အသောက်ကြွခဲ့ဖို့ ဖိတ်လိုက်ပါတယ်"

ရိပေါ်က အိမ်တော်ထိန်းဆိုသည့်လူကို အထင်သေးသလိုကြည့်ပြီး "ရှောင်းအိမ်က လက်ဖက်ရည်သောက်ဖိတ်တယ်ဆိုရင် ဟော့ဒီက ကျုပ်ချစ်မိတ်ဆွေ ရှောင်းသခင်လေး ဖိတ်မှပဲ လာဖြစ်မယ်ထင်တယ်။ ရှောင်းသခင်လေး ဘယ်လိုသဘောရလဲ"

ရှောင်ူကျန့်က ရိပေါ်ကို မသိမသာ မျက်စောင်းတချက်ထိုးလိုက်သည်။ ဒီဝမ်ရိပေါ်က တကယ်ကို မနိုင်သည့်သူပင်။ "ဝမ်သခင်ကသာ တကယ်လိုက်သောက်မယ်ဆိုရင် ကျွန်တော်က ဖိတ်ရမှာပေါ့"

SHADOW PLAYWhere stories live. Discover now