"သဒ္ဓါတရားကြီးမားလှသည့် ဝမ်အိမ်တော်မှ မီးဘေး ဒုက္ခသည်များအတွက် လှူဒါန်း"
ရိပေါ်က သတင်စာတစ်စောင်ကို စားပွဲပေါ်ပစ်တင်လိုက်သည်။
"သိုဝှက်တတ်သည့် ဝမ်သခင်ဟာ ကုသိုလ်ရေးမှာတော့ လက်မနှေးဘူး"
နောက်ထပ်သတင်းစာတစ်စောင်ကို ပစ်တင်လိုက်သည်။
"ဝမ်အိမ်က အလှူလုပ်တယ်။ ဒုက္ခရောက်နေကြတဲ့ သူတွေ တကယ်ရော အကူအညီရရဲ့လား . . ဝေါင်း. . အကုန်လုံးတော့ ဘယ်ရမလဲ"
ဒီတစ်စောင်ကို ခုန သတင်းစာတွေနဲ့ သပ်သပ်ခွဲပြီး ပစ်တင်လိုက်သည်။
"မီးဘေးဒုက္ခသည်တွေကို ပစ္စည်းတွေပေးတယ်။ အစိုးရဆီက ဘာပြန်ရမလဲ. . . . အပေးအယူမရှိတဲ့ ကိစ္စဆိုတာ ဘယ်မှာရှိလို့လဲ"
ရိပေါ်က ဒီတစ်စောင်ကိုလဲ ခုနတစ်စောင်ဘက်ကိုပဲ ပစ်တင်လိုက်သည်။
"အရမ်းခန့်ညားတယ်လို့ နာမည်ကြီးနေတဲ့ ဝမ်သခင်က လူမြင်ကွင်းကို ထွက်ရတာမကြိုက်ဘူးလို့ ကြားတယ်။ ဘာကြောင့်လဲ . . . "
ရိပေါ်က ဒီသတင်းစာကို ကိုင်ပြီး ခဏရပ်လိုက်ကာ ဟောက်ရွှမ်းကို လှည့်ကြည့်သည်။ "ငါတို့အပြင်ထွက်နေတာပဲ။ သူတို့က ဓာတ်ပုံမရိုက်ရဲတာမဟုတ်ဘူးလား" ဟောက်ရွှမ်းက ထောက်ခံသည့်အနေဖြင့် ခေါင်းငြိတ်ပြသည်။ အခု သူတို့ရှေ့က စားပွဲပေါ်မှာ သတင်းစာတွေက အပုံလိုက်ဖြစ်နေလေပြီ။ ဟောင်ကောင်တိုင်မ်း၏ မျက်နှာဖုံး သတင်းကတော့ "ဝမ်အိမ်မှ မီးဘေးဒုက္ခသည်များအတွက် ရိက္ခာလှူ" ဒါပဲဖြစ်သည်။"မင်းကလည်း နည်းနည်းလေးတော့ တီထွင်ဉာဏ်လေး ကွန့်မြူးပါဦး။ ဒါကြီးက အရမ်း ပြီးပြီးရော ဖြစ်မနေဘူးလား"
ကျိယန်က ရိပေါ်စကားကို မျက်လုံးလှန်ပြလိုက်ပြီးဂရုမစိုက်ပဲနေနေသည်။ သူ့မှာ တခြားသတင်းစာတိုက်များက မျက်နှာဖုံးသတင်းတင်လို့သာ သူ့သတင်းစာတိုက်ကို သံသယမဝင်အောင် မျက်နှာဖုံးသတင်း လိုက်တင်ရသည်။ ဝမ်အိမ်နာမည်ဆိုတာ ဖုံးဖိထားနိုင်လေကောင်းလေဖြစ်သည်။ရိပေါ်က နောက်ဆုံးကျန်နေသည့် အတင်းအဖျင်းစာစောင်လေးကို စားပွဲပေါ်ပစ်တင်လိုက်သည်။ အိမ်ရှင်မတွေသာ အဖတ်များပြီး ရုပ်ရှင် ပြဇာတ် မင်းသား မင်းသမီးတို့၏ အတင်းအဖျင်းများသာထည့်သည့် ဒီစာစောင်လေးမှာတောင် အလှူအတန်းရက်ရောသည့် ဝမ်သခင်လေးမှာ ရည်းစားသညာအိမ်သူသက်ထား မရှိရခြင်းမှာ တစ်ခုခုများ မှားယွင်းနေလို့လားဟု ခေါင်းစဉ်တပ်ထားသည်။ သူ ကျိယန်ကတဆင့်ခိုင်းလိုက်သည့် ကွင်းဆက်လူသတ်သမားဟာ အပျော်အပါးလိုက်စားလွန်းသည့် သခင်လေးတစ်ယောက်ဖြစ်နိုင်ပြီး ယောကျာ်းကြက်များကြောင့် ကာလသားရောဂါရကာ စိတ်ရူးသွပ်လို့ လူလိုက်သတ်နေသည် ဖြစ်နိုင်ကြောင်း သတင်းတောင် အတွင်းသတင်းအနေနှင့်သာ ပါလာတော့သည်။
YOU ARE READING
SHADOW PLAY
Fanfictionသွေးရဲရဲ သံရဲရဲ လူသတ်မှုများ၊ ကွင်းဆက်လူသတ်သမား ဘာညာများပါသည်။ စိတ်အခန့်မသင့်လျှင်မဖတ်ပါနှင့်။