Act 4 (Uni)

4.8K 668 72
                                    

"‌ရှောင်းအဘိုးကြီးရဲ့ တစ်ဦးတည်းသော သားဆိုပေမယ့် မျက်နှာသာတော့မရရှာဘူး။ အဘိုးကြီးက ပထမ မယားနှစ်ယောက်နဲ့ ကလေးမရပဲ တတိယ မိန်းမနဲ့ကျမှ ကလေးရတော့ မယားကြီးတွေက ချောက်တွန်းတာလဲပါ။ အဘိုးကြီးကလဲ သူ့ကိုယ်သူ စွမ်းကြောင်းမယုံတာ ပါမယ်နေမှာပေါ့။ ရှောင်းကျန့်အမေ ရှောင်းကတော် နံပါတ်သုံးက ရှောင်းကျန့်ကို‌မွေးပြီးမကြာဘူး။ ငယ်ငယ်ရွယ်ရွယ်ပဲ ဆုံးတယ်။ တချို့ကောလဟာလတွေအရကတော့ ဇာတ်မင်းသားတစ်ယောက်နဲ့ ဖောက်ပြန်လို့ နှစ်ယောက်လုံးကို ကြိုးဆွဲချသတ်လိုက်တယ်ဆိုလားပဲ။ ရှောင်းကျန့်ကိုတော့ နံပါတ်တစ် မယားကြီးကမွေးစားတယ်။ ဒါပေမယ့် ဒုတိယ မယားရဲ့ တူ ချာလီယန်း လောက်တောင်နေရာမရဘူး"

ရိပေါ်က နှုတ်ခမ်းထောင့်မှာ ခဲထားသည့် ဆေးပြင်းလိပ်ကိုချွတ်ကာ ပြာချွေလိုက်ရင်း
"ချာလီယန်းဆိုတာ မြင်းပွဲမှာ နေ့တိုင်းတွေ့နေရတဲ့ ဟောင်ဖွာဖွာကောင်မလား။ ဒီကောင့် မြင်းကြွေးတွေဘယ်လောက်ရှိလဲ"
ရိပေါ်က လက်ကမ်းလိုက်တော့ သူ့လူတစ်ယောက်က အကြွေးစာရင်း လယ်ဂျာစာအုပ်ကြီးကိုလက်ထဲလာထည့်ပေးသည်။ ချာလီယန်းဆိုသည့် အမည်အောက်မှာ အကြွေးစာရင်းက သောင်းဂဏန်းသာရှိသေးသည်။
"နောက်တစ်ပတ်ထဲ ဒီ့ကောင့်အကြွေး သုံးဆတိုးတာမြင်ချင်တယ်"

သူ့တပည့်က ရိပေါ်စကားကို ကြားကြောင်း ခေါင်းငြိတ်ပြပြီး အကြွေးစာရင်းစာအုပ်ကို ပြန်သိမ်းသွားသည်။ ထို့နောက် ဘူကီဒိုင်ဆီဖုန်းခေါ်ကာ ချာလီယန်းကို တစ်အလွဲပေးဖို့ ဆက်သွယ်လိုက်တော့သည်။

"မင်း တကယ်ကို ဒီရှောင်းကျန့်အတွက်နဲ့ မိုင်ကုန်အောင် သွားတာပဲ"
ဟောက်ရွှမ်းက မထိတထိစတာကို ရိပေါ်က လက်ခါပြလိုက်ပြီး မီးသေသွားပြီဖြစ်သည့် သူ့ဆေးပြင်းလိပ်ကို မီးပြန်ညှိလိုက်ကာ အပေါ်ဝတ်ကုတ်အင်္ကျီထပ်ဝတ်လိုက်ပြီး ဖီဒိုရာဦးထုပ် ကိုခေါင်းပေါ်မှာ နေသားတကျ ဆောင်းလိုက်သည်။

"လိုက်ဦးမလား။ ဟောင်ကောင် တက္ကသိုလ်စာကြည့်တိုက်သွားမလို့"
စာကြည့်တိုက်ဆိုသည်နှင့် ဟောက်ရွှမ်းမျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားကာ အမြန်လက်ခါပြတော့သည်။

SHADOW PLAYWhere stories live. Discover now