အဖြစ်အပျက်ကတော့ အားလုံးတွေးထားမယ့်အတိုင်းပါပဲ။ အိမ်အလယ်ကောင်က သွေးသံတရဲရဲ အလောင်းကို ရိပေါ်တောင် မထိရသေးခင် ရှောင်းအိမ်က တစ်အိမ်လုံးနီးနီးရောက်လာတော့သည်။ ရဲတွေကလည်း ရုပ်ရှင်ထဲမှာတောင်မှ ကြာဦးမည် ဒီမှာတော့ ရောက်လာတာ ချက်ချင်း။ မသိရင် ရိပေါ်လာမှာကို ရှောင်းအိမ်ကနေ ညအိပ်စောင့်နေသလိုပါပဲ။
ရိပေါ်ကတော့ အဲ့ဒီလူတွေကို ဂရုေတာင်မစိုက် အလောင်းကို သာ သေသေချာချာ စေ့စေ့စပ်စပ်ကြည့်နေလိုက်သည်။
"ဒါ. . ဒါ. . . နှုတ်ခမ်းထောင့်ကမှဲ့က ရှောင်းသခင်လေးမလား"
သစ်သားအိမ်တံခါးဝမှာ စုပြုံပြီးကြည့်နေကြသည့် ရှောင်းအိမ်က အလုပ်သမားတစ်ယောက်စီက ထိတ်လန့်တကြားအော်လိုက်တော့ ကျန်သည့် သူတွေဆီကပါ တစ်ယောက်တစ်ပေါက် အသံတွေဆူညံသွားတော့သည်။ ရှောင်းကတော် နံပါတ်နှစ်ဆီက အမလေး အားကျန့်ရေ ဆိုသည့် အော်သံနှင့် မေ့လဲတော့မလို ဟန်ဆောင်ပြမှုကြောင့် လူအုပ်က ပိုဆူညံသွားတော့သည်။"မင်း . . . ဝမ်အိမ်ကလူ။ မင်း ငါ့ကို သခင်လေးကို သတ်လိုက်တယ်။" လူတစ်ယောက်က ပြောရင်း လက်ထဲက သစ်သားချောင်းကို မြှောက်ပြီး ပြေးဝင်လာတော့ ရိပေါ်က လျှပ်စီးလက်သည့် အမြန်နှုန်းဖြင့် ကုတ်အင်္ကျီအတွင်း နံစောင်းဘေးတစ်ဘက်တစ်ချက်တွင် သေနတ်အိမ်ဖြင့် ထည့်ထားသည့် သေနတ်နှစ်လက်ထဲက တစ်လက်ကို ထုတ်ကာ ချိန်ထားလိုက်တော့သည်။
သစ်သားချောင်းကိုင်ပြီး ပြေးလာသူမှာ သူ့ခြေလှမ်းကို ပြန်ရုတ်ချင်ပေမဲ့ အရှိန်ကလွန်နေပြီဖြစ်သောကြောင့် ခြေချော်ကာကျသွားသည်။ ထိုသည်မှာလည်း အဲ့ဒီလူကံကောင်းသွားခြင်းဖြစ်သည်။ ရိပေါ် သေနတ်မှ ထွက်လာသည့် ကျည်ဆံက သူ့ ခေါင်းထက်မှ သီသီလေးပျံကာ အိမ်နံရံကို ဖောက်ထွက်သွားသည်။
ပါးစပ်ထက် လက်ကအရင်လှုပ်တတ်သည့် ဝမ်သခင် အကြောင်းသိသွားသူတွေမည်သူမှ ရှေ့တက်မလာရဲတော့ပဲ အပေါက်ဝတွင်သာ စုပြုံပြီး မီးကိုရေနဲ့ငြှိမ်းလိုက်သလို တိတ်ဆိတ်သွားကြတော့သည်။ နဂိုတည်းက ဒေါသကြီးပြီးမောက်မာသည်ဟု နာမည်သတင်းမွှေးလှသည့် ဝမ်သခင်က အတော်ဒေါသထွက်သွားပုံရသည်။ တံခါးဝမှာ ချောင်းနေသည့် လူအုပ်ကြီးကို တစ်ယောက်ချင်းစီ မျက်နှာ စေ့စေ့စပ်စပ်လိုက်ကြည့်နေပုံက သူတို့တွေဒီက ခြေတစ်လှမ်းခွာပြီးတာနှင့် တစ်ယောက်ချင်း ကံကြမ္မာဆိုးကျတော့မည့်နှယ်
YOU ARE READING
SHADOW PLAY
Fanfictionသွေးရဲရဲ သံရဲရဲ လူသတ်မှုများ၊ ကွင်းဆက်လူသတ်သမား ဘာညာများပါသည်။ စိတ်အခန့်မသင့်လျှင်မဖတ်ပါနှင့်။